d r o p sth

Friday, June 10, 2016

ကြက်သားကာလသားချက် {Myanmar Bachelor's Chicken Curry}






ရွာတွေမှာ ကြက်ခိုး ဘူးသီးခိုးပြီး ရတာလေးတွေနဲ့
လူ မမိခင် မြန်မြန် မြန်မြန်ချက်ရတဲ့ဟင်းပေါ့။

ပြင်မယ်
••••••••
၁.)ကြက်သား
၂.) ဗူးသီး
၃.) ငရုတ်သီးအစိမ်းအကြမ်း
၎.) စပါးလင်
၅.) ကြက်သွန်နီ
၆.)နနွင်းမှုန့်
၇.) ဆား
၈.) ဆီနည်းနည်း

ကြက်သားကို ကြိုက်သလိုတုန်းထား
ငရုတ်သီးကို ဖြစ်သလိုထောင်းထား
စပါးလင်ကို ဒါးပြားရိုက်ထား
ကြက်သွန်နီလေးစိတ်ကွဲလှီးထား










ချက်မယ်
•••••••••
ကြက်သားကို ဆား၊ နနွင်းမှုန့်၊
ငရုတ်သီး မညက်တစ်ညက်ထောင်း၊
ကြက်သွန်နီလေးစိတ်ကွဲနဲ့
ဆီအနည်းငယ်ထည့်ပြီး လုံးပါ။
သောက်ဆမ်းလေးဆိုတော့
ဆီနှင့် ငရုတ်သီးကို လျှော့သုံးပါ။


စပါးလင်တွေကိုလည်းကြက်သားနှင့်
အတူတူထည့်ချက်လိုက်ပါ။
အနံမွှေးလာရင် ရေထည့်ပြီးအုပ်ထား။
ခဏနေရင် လှီးထားတဲ့ ဘူးသီးထည့်
အပေါ့အငံမြည်းပြီး အဖုံး ခဏပြန်အုပ်ထား။
ဘူးသီးနှုးရင် ရပြီဗျာ။

‪#‎ကြက်ကာလသားချက်‬
‪#‎MyanmarBachelorChickenCurry
အဆင်ပြေရင် မာရှီလေးနည်းနည်းပေါက်လိုက်ဗျာ။
စားလိုကို မရပ်စေရဘူး။
အာမခံတယ်။ :-))

အိမ်ရှင်ထီး၏မီးဖိုချောင်
----------------

(Photo: May Wong - CNN)


ဝန်ခံချက်။
•••••••••
ဒေါ်အောင်ဆန်းစုကြည်နဲ့
နိုင်ငံတော်သမ္မတကြီးက
စင်ကာပူဝန်ကြီးချုပ်ကို ညစာဖိတ်ကျွေးတဲ့
စာရင်းထဲက
ဟင်းတခွက် အမှတ်တရအနေနဲ့ ချက်စားပါတယ်။



No comments:

Post a Comment