d r o p sth

Tuesday, June 14, 2016

ကျနော်နဲ့ ဘန်ကောက်သွား မြို့လား

ကျနော်နဲ့ ဘန်ကောက်သွားမြို့လား။
•••••••••••••••••••••••••••••
ဒီနေ့ ဘန်ကောက်မှာ လိုင်းကားလို
ကျောက်ဖယားမြစ်ထဲမှာ လိုင်းသဘောင်္စီးခဲ့တယ်။
ပိုက်ဆံလိုက်ကောက်တဲ့ စပယ်ယာပါတယ်။
အမျိုးသမီးပဲ။ သဘောင်္ဆိပ်တိုင်းရပ်ပြီး
လူတင် လူချလုပ်တယ်။ တမိနစ်ထက်မပိုဘူး။

Grand Place - Tha Chang pier ကနေ
Silom - Sathorn (taksin) ကိုစီးတာ
ကလေး၂ယောက်က ဖရီး။
လူကြီး၂ယောက်က တယောက်ကို
၁၅ ဘတ်ပဲပေးရတယ်။
ထိုင်စရာတော့ မရဘူး။ လူတော့ ကြပ်တယ်။
အသွားတုန်းကတော့ Ling Tail boatစီးတာဗျ။
တယောက်ကို ၄၀ကျတယ်။ ၂ယောက် ဘတ်၈၀။

လူတန်းစားမျိုးစုံစီးကြတာတွေ့ရတယ်။
ထိုင်းလူမျိုး၊ နိုင်ငံခြားသား၊ တိုးရစ်၊ အဖြူကောင်
ကျောင်းသား၊ ဝန်ထမ်း အစုံပဲဗျ။

ဘန်ကောက် Traffic ကို ရှောင်တဲ့ နည်းတခုပဲဗျ။

နောက်ပြီးတော့ BTS (Sky train)လည်း
စီးခဲ့သေးတယ်။ Saphan Taksin ကနေ
Prom Phong station ကိုဗျ။
တယောက်ကို ၄၂ဘတ်ကျတယ်။

ရုံးဆင်းချိန်ဆိုတော့ လူကတော့ ကြပ်တာပေါ့ဗျာ။
အဲဒီမှာလည်း လူတန်းစားမျိုးစုံစီးကြတာတွေ့ရတယ်။

ဘစ်ကားဂိတ်တွေမှာတော့ ထိုင်းလူမျိုးတွေပဲ
အများဆုံး စောင့်စီးကြတာ မြင်ခဲ့ရတယ်။

ကျနော်ယှဉ်ပြီး မြန်မာပြည်ရန်ကုန်နဲ့
ထိုင်းဘန်ကောက်ကို ကြည့်မိတယ်။
လူတန်းစားက အတော့်ကို ကွာ သွားပြီဗျ။
မြန်မာပြည်မှာ ရထားစီး ဘစ်ကားစီးတဲ့ လူတန်းစားနဲ့
ထိုင်းက  ရထားစီး ဘစ်ကားစီးတဲ့ လူတန်းစားက
အရမ်းကို ကွာသွားပြီဗျ။

အဆောက်အဦးတွေ လမ်းတွေ မဆိုထားနဲ့
လူတွေရဲ့ ပါစင်နယ်လတီပါ ကွာသွားတာဗျ။
တွေးကြည့်ရင် တော်တော့ကို စိတ်မကောင်းစရာပဲ။

လူနေမူအဆင့်အတန်း၊ လူတွေရဲ့ စိတ်ဓါတ်၊
လူတွေရဲ့ လူရည်လူသွေး၊ လူတွေရဲ့ ဝတ်စားပုံတွေက
အစ ထိုင်းတွေက အစစအရာရာသာသွားပြီဗျ။

မြန်မာနိုင်ငံမှာ အတင်းကာရော နေ့ရောညပါ
ကုန်းရုန်းပြီးကြိုးစားကာမှ နောင် ၁၀-၁၅နှစ်လောက်
ကြာမှ ဒီကနေ့ ဘန်ကောက်ကို
မှီကောင်းမှီနိုင်လိမ့်မယ်ထင်ပါတယ်။

သူတို့ကလည်း ရပ်နေမှာမှ မဟုတ်တာ။

တွေးကြည့် ယှဉ်ကြည့်ပြီး စိတ်မောလူမောဖြစ်ပြီး
ဟိုတယ်ပြန် ပက်လက်လှန်ပြီး ရေးလိုက်တာဗျာ။

#မစ္စတာမောင်ကိုသက်
ခေတ္တဘန်ကောက်
ဇွန်လ ၁၄ရက် ၂၀၁၆ခု
ညနေ၆နာရီ၄၂မိနစ်

ပုံက သဘောင်္စီးလက်မှတ် ၂ယောက်စာပါ။

No comments:

Post a Comment