d r o p sth

Showing posts with label cooking. Show all posts
Showing posts with label cooking. Show all posts

Friday, July 22, 2016

မုန့်လင်မယား ခေါ် မုန့်အုပ်လေး

မုန့်လင်မယား ခေါ် မုန့်အုပ်လေး
••••••••••••••••••••••••••••••
အိမ်ရှင်ထီးရန်ကုန်ပြန်တုန်းက ရှာစားမိတာ
မုန့်လင်မယားလည်းပါတယ်။
အရင်က မုန့်လင်မယားရောင်းတဲ့သူတွေက
မုန့်ဗန်းလေးသေးသေးနဲ့ ပဲ လုပ်ရောင်းကြတာ
အခုကြတော့ ဗန်းကြီးအကြီးကြီးနဲ့ မုန့်ရည်တွေကို
အတင်းထည့် ဆီတွေ အတင်းလောင်းပြီး
လုပ်တာတွေ့ခဲ့ရတယ်။

စီးပွါးရေး တအားဆန်သွားပြီး ဆီတွေဗလပွနဲ့
ဆီကလည်း မသန့်တော့ ၂ခါထက်ပိုပြီး မစားဖြစ်ဘူး။
အခု ThiThi DoneDoneမှာ မုန့်လင်မယားအိုးလေးကို
၂သောင်းခွဲနဲ့ ရောင်းနေတာတွေလို့ မေမေ့ကို ဝယ်ပေးပါလို့ ပြောလို့
ဒီအိုးလေးရတာနဲ့ လုပ်စားဖြစ်တယ်ဗျာ။

လုပ်စားကြရအောင်ဗျာ။
••••••••••••••••••••
ဆန်မှုန့် ခွက်တခွက် မပြည့်တပြည့်
ရေ ခွက် ၃ခွက် (~၅၀၀ ml)
ကောက်ညှင်းမှူန့် ထမင်းစားဇွန်း၁ဇွန်း
ပဲမှူန့် အစိမ်း ထမင်းစားဇွန်း၁ဇွန်း
ဆော်ဒါမှူန့် လဘက်ရည်ဇွန်း တ၀က်
ဆား သင့်ရုံထည့်
သကြားနည်းနည်း ပါးစပ်မချဉ်အောင်ထည့်တာ
ကြက်သွန်မိတ် ပါးပါးလှီး
အားလုံးရောပြီး ၁နာရီလောက်နှပ်ထားလေ။
ပြီးရင် မုန့်နှစ်ထဲကို ကြက်ဥ ၁လုံးကို
အကာချည်းပဲ ခေါက်ထည့်ပါ။

ပဲပြုတ် နှမ်းထောင်း အဆင်သင့်ပြင်ထားပါ။
Ready ဖြစ်ရင် စက်ကို အပူပေး
ဆီကို ခွက်ကလေးတွေထဲလိုက်ထည့်ပါ။
ပြီးရင် မုန့်နှစ်ကို သေသေချာချာ မွှေပြီး
ဖြည်းဖြည့်ခြင်းထည့်ပါ။

ပဲပြုတ်ထည့်ပါ။
နံနံပင်ကြိုက်ရင်လည်းထည့်ပါ။


ဆီကိုလည်း နည်းနည်းခြင်း မုန့်ခွက်စီကို
လိုက်ထည့်ပေးပါ။
ဝါးတူလေးနဲ့ အသာတွန်း တွန်းပေးပါ။

မုန့်လင်မယားလိုချင်ရင်တော့
မကျက်တကျက်ခွာလို့ရလောက်တဲ့အချိန်၂ခုပေါင်း ပြီး
ဟိုဘက်ဒီဘက်လှန်ပေးပါ။

ငုံးဥထည့်မယ်ဆိုရင်တော့ မုန့်အနှစ်ကို
တဝက်ပဲအရင်ထည့်ပါ။
ပြီးမှ ငုံးဥကို ဖောက်ထည့်ပါလေ။

ကျက်ရင်တော့ဆယ်ပြီး နှမ်းဆားထောင်းလေး
အပေါ်ကဖြူးပြီစားလို့ ရပါပြီ။

ကလေးတွေလည်း ကြိုက်ကြတယ်ဗျာ။


Monday, June 13, 2016

ဒန့်သလွန်ရွက် ဟင်းခါး။



ဘာရယ်မဟုတ်ဘူး။ သောက်ချင်လို့။
ကြက်သွန်ဖြူ
ပုဇွန်ခြောက်မှုန့်
ဆားနဲ့ ကျအောင်တည်။

ဒန့်သလွန်ရွက်သင်ထား။
ခွက်ထဲထည့်။
ဟင်းရည်ပွက်ပွက်ဆူတာထည့်။ :-))

အိမ်ရှင်ထီး၏ မီးဖိုချောင် - Hubby Kitchen

Sunday, June 12, 2016

အုန်းနို့ ကျောက်ကျော


အာဂါအာဂါ အဖြူရောင်ကို ရေတလီတာ
သကြား ၃၅၀ဂရမ်နဲ့ဖျော်ပြီး ပွက်အောင်တည်ပါတယ်။
ပြီးတော့ အုန်းနို့ဗူးသေးတဗူးကိုထည့်ုပီး မွှေပါတယ်။

ပွက်တော့ မီးပိတ် ခွက်ထဲထည့် အအေးခံ။

ဒါပါပဲ။ ။

အိမ်ရှင်ထီး၏ မီးဖိုချောင် - Hubby Kitchen


 

Saturday, June 11, 2016

ပဲသီး၊ ကညွှတ်၊ ပြေားင်းဖူး၊ ဥနီ၊ မှိုရောကြော်တယ်။



ပဲသီး၊ ကညွှတ်၊ ပြေားင်းဖူး၊ ဥနီ၊ မှိုရောကြော်တယ်။
ကြက်သွန်ဖြူနဲ့ဆားနဲ့ပဲ ထည့်ကြော်တာပါ။

အိမ်ရှင်ထီး၏ မီးဖိုချောင် - Hubby Kitchen

Friday, June 10, 2016

ကတ်ကြေးကိုက်



ဘာလို့ ကတ်ကြေးကိုက်လို့ ခေါ်ရသလဲမေးမြန်ကြည့်တော့ 
ညှပ်ခေါက်ဆွဲက ပထမအစတုန်းက အပြင်လိုက်ကြီးတဲ့။ 
အဲ့ဒါကို အခုစားတဲ့ အရွယ်တော်ရအောင် 
ကတ်ကြေးနဲ့ ကိုက်ရလို့ ကတ်ကြေးကိုက်လို့ ခေါ်တာလို့ မှတ်ဘူးပါတယ်။

ညှပ်ခေါက်ဆွဲဖတ်ကို ရေအေးနဲ့ဆေး 
ငရုပ်သီးဆီချက် ပဲငံပြာရည်အနောက် 
ဆားအနည်းငယ်နဲ့ နှံအာင်မွှေထား။ 
 ကြက်သွန်မိတ်ပါးပါးလှီး ပဲပင်ပေါက်ရေဆေးထား။ 
 ဒယ်အိုးထဲဆီထည့် ဆီပူရင်ကြက်ဉ၂လုံးဖောက်ထည့်မွှေ 
ခဏမွှေပြီးပြန်ဆယ်ထား 
ဝက်အူချောင်းကြော် ပြီးပြန်ဆယ်ထား။

ကြက်သွန်ဖြူဒါးပြားရိုက်ဆီအိုးထဲထည့် 
အသားထည့် 
ပုဇွန်ထည့် 
ကင်းမွန်ထည့်။ 
ဆားနဲနဲထည့် ၊
ခရုဆီထည့် ခေါက်ဆွဲထည့် ၊ 

အရေးကြီးဆုံး ရှာလကာရည် ၂-၃ဇွန်းထည့်။ (အမှန်ကပအုံးရည်ထည့်ရမှာ- မရှိလို့) 
ပဲပြုတ်ထည့်။ ပဲပင်ပေါက်ထည့် ။
 ပြန်ဆယ်ထားတဲ့ ကြက်ဥနဲ့ ၀က်အူချောင်းထည့်။ 
ကြက်သွန်မြိတ်ထည့်။ 

မီးပြင်းနဲပြင်းနဲ့နဲနဲမွှေပြီးရင် ကတ်ကြေးကိုက်ရပါပြီ။
အိမ်ရှင်ထီး၏ မီးဖိုချောင် - Hubby Kitchen

ရာသီစာ။ ။ မုန့်လုံးရေပေါ်


မုန့်လုံးရေပေါ် လုပ်စားတယ်ဗျာ။
မုန့်လုံးရေပေါ်ကို အုန်းနို့ဆမ်းပြီးလည်းစားတယ်။

လုပ်စားကြည့်ရအောင်ဗျာ.....

ကောက်ညှင်းမှုန့် – ၄ဆနဲ့
ဆန်မှုန့် – ၁ဆကို ရောနယ် ရေရောပြီးနယ်။

ထန်းညက်ကို အနေတော်လးတွေစိတ်။

မုန့်ထဲထည့်လုံး။
ရေနွေးအိုးထဲထည့်။ ရေပေါ် ပေါ်လာရင် ရပြီဗျာ။

အုန်းနို့ကို သကြားရည်လေးနဲ့ဖျော်။
မုန့်လုံးရေပေါ်လေးထည့်။

ရပြီဗျာ မုန့်လုံးရေပေါ်ကို အုန်းနို့ဆမ်း။

အိမ်ရှင်ထီး၏ မီးဖိုချောင် - Hubby Kitchen

တာလဘောချက်သောက်တယ်။


ငါးကို စပါးလင်ဆားနဲ့ပြုတ်
အသားနွှင် ခြေ
ဆန်လှော်မှုန့်ထည့်..
မျှစ်ထည့် ကင်မွန်းချဉ်ထည့်
မီးအေးအေးနဲ့ တည်ထား။ 


တနေကုန် တာလဘောပဲထိုင်သောက်နေလိုက်တယ်။
ငရုတ်သီးကို ညက်နေအောင်ထောင်းပြီး ပူပူလောင်လောင် တရှုးရှုး တဖူးဖူးနဲ့ သောက်တယ်ဗျာ။

အိမ်ရှင်ထီး၏ မီးဖိုချောင် - Hubby Kitchen

ခေါက်ဆွဲပြားသုတ် အိမ်ရှင်ထီးစတိုင်။ ။

ခေါက်ဆွဲပြား
ကြက်သားဟင်း
ပဲမှုန့်
ကြက်သွန်နီ
ကြက်သွန်ဖြူဆီချက်
သံပုရာသီး
ကြွပ်ကြွပ်ကြော်
ပဲကြော်
ကြက်သွန်မြိတ်
ငံပြာရည်နည်းနည်း။

အားလုံးသာရောနယ်တော့ဗျာ။

အိမ်ရှင်ထီး၏ မီးဖိုချောင် - Hubby Kitchen

အာလူးထောင်းကြော



အာလူးကိုပြုတ်။ 
အခွံနွှာ။ ညက်ရုံထောင်း....
ကြက်သွန်ဖြူ အနည်းငယ် ထောင်း 
ဆားနည်းနည်း ..
ငရုတ်ကောင်းနည်းနည်း နဲ့အာလူးထောင်းနဲ့ရောနယ်။
အစာသွတ်အတွက်ကြိုက်ရာအသားစဉ်းကော ကို ဆား နဲ့နယ်။
ကြက်သွန်ဖြူနီဆီသတ်။ 
 အသားထည့် ပဲငံပြာရည်အနောက်ထည့် 
ငရုတ်ကောင်းထည့် ငရုတ်သီးစိမ်း 
မဆလာကြိုက်လျင်ထည့်။
အစာသွတ်ကို ဇကာဇွန်း/ ဆီစိမ်စက္ကူပေါ်မှာခဏအအေးခံဆီစစ်ထား။
ကြက်ဉအနှစ်မပါအကာချည်းပဲ နာနာခေါက်။ 
ဆီများများနဲ့ အာလူး ကို အစာသွတ်လုံးပြီး ကြက်ဥအကာနဲ့လူးပြီး မီးအနေတော်နဲ့ ကြော်။
 ရွှေရောင်လေးဖြစ်လာတဲ့အထိဟိုဘက်ဒရီဘက်လှန်ကြော်။ 
ရပါပြီ အာလူးထောင်းကြော် ခေါ် အာလူးကတ်တလိပ်ကြော်

ဆင်ဂယ်လ်မော့လ်ကို သောက်မယ်။



Whisky မှာ blendedလုပ်ထားတဲ့ whisky တွေ ဈေးကွက်မှာ
တော်တော်တော့ခေတ်စားပါတယ်။

ဂျော်နီလမ်းလျောက်တို့၊ ရှီးလ်ဗက်စ်တို့ဆိုရင် နာမည်ကြီးတွေပါ။

ဒါပေမယ့် Single Malt တွေကို သောက်ပြီးတဲ့
သကာလ Single Malt မှ Single Maltဖြစ်သွားပါလိမ့်မယ်။
Whisky သောက်နည်းကတော့ whisky ခွက်ထဲမှာ
ဝီစကီတပက်လောက်ထည့် ရေခဲထည့်
ပြီးရင် ခွက်ကို လက်ထဲထည့်ပြီးကိုင်ထား။

လက်ကအပူရှိရှိန်နဲ့ ရေခဲအရေပျော်လာပြီး wisky နဲ့ ရောပြီး ထွက်လာတဲ့
အနံလေးကို ခံပြီး အာစွတ်ရုံလေး
နှုတ်ခမ်းလေးနဲ့ စုတ်ပြီးသောက်ဗျာ။

အလိုက်ဖက်ဆုံး အမြည်းကတော့ အသီးအနှံနဲ့
ချိစ်နဲ့ မြည်းတာပါပဲ။

အိမ်ရှင်ထီး၏ မီးဖိုချောင် - Hubby Kitchen

ကြက်သားကာလသားချက် {Myanmar Bachelor's Chicken Curry}






ရွာတွေမှာ ကြက်ခိုး ဘူးသီးခိုးပြီး ရတာလေးတွေနဲ့
လူ မမိခင် မြန်မြန် မြန်မြန်ချက်ရတဲ့ဟင်းပေါ့။

ပြင်မယ်
••••••••
၁.)ကြက်သား
၂.) ဗူးသီး
၃.) ငရုတ်သီးအစိမ်းအကြမ်း
၎.) စပါးလင်
၅.) ကြက်သွန်နီ
၆.)နနွင်းမှုန့်
၇.) ဆား
၈.) ဆီနည်းနည်း

ကြက်သားကို ကြိုက်သလိုတုန်းထား
ငရုတ်သီးကို ဖြစ်သလိုထောင်းထား
စပါးလင်ကို ဒါးပြားရိုက်ထား
ကြက်သွန်နီလေးစိတ်ကွဲလှီးထား










ချက်မယ်
•••••••••
ကြက်သားကို ဆား၊ နနွင်းမှုန့်၊
ငရုတ်သီး မညက်တစ်ညက်ထောင်း၊
ကြက်သွန်နီလေးစိတ်ကွဲနဲ့
ဆီအနည်းငယ်ထည့်ပြီး လုံးပါ။
သောက်ဆမ်းလေးဆိုတော့
ဆီနှင့် ငရုတ်သီးကို လျှော့သုံးပါ။


စပါးလင်တွေကိုလည်းကြက်သားနှင့်
အတူတူထည့်ချက်လိုက်ပါ။
အနံမွှေးလာရင် ရေထည့်ပြီးအုပ်ထား။
ခဏနေရင် လှီးထားတဲ့ ဘူးသီးထည့်
အပေါ့အငံမြည်းပြီး အဖုံး ခဏပြန်အုပ်ထား။
ဘူးသီးနှုးရင် ရပြီဗျာ။

‪#‎ကြက်ကာလသားချက်‬
‪#‎MyanmarBachelorChickenCurry
အဆင်ပြေရင် မာရှီလေးနည်းနည်းပေါက်လိုက်ဗျာ။
စားလိုကို မရပ်စေရဘူး။
အာမခံတယ်။ :-))

အိမ်ရှင်ထီး၏မီးဖိုချောင်
----------------

(Photo: May Wong - CNN)


ဝန်ခံချက်။
•••••••••
ဒေါ်အောင်ဆန်းစုကြည်နဲ့
နိုင်ငံတော်သမ္မတကြီးက
စင်ကာပူဝန်ကြီးချုပ်ကို ညစာဖိတ်ကျွေးတဲ့
စာရင်းထဲက
ဟင်းတခွက် အမှတ်တရအနေနဲ့ ချက်စားပါတယ်။



ခရမ်းသီး မီးဖုတ်သုတ်။

(သက်သက်လွတ်သုတ်)

••••••••••••••••••

ခရမ်းသီးကို မီးဖုတ်။
အခွံတွေကို မီးကျွမ်းအောင်
ပက်ပက်စက်စက်ဖုတ်ပါ။
ပြီးရင် မီးကျွမ်း အမည်းတွေကိုဖယ်ပါ။

ပြီးရင်ခြေပါ။
ကြက်သွန်ပါးပါးလှီး ထည့်
ဆီစိမ်းထည့်
ဆားထည့်
မြေပဲနည်းနည်းထောင်းထည့်
ပြီးရင် နှမ်းဖြူး
ကြက်သွန်နီဆီချက်ရှိရင်ထည့်
မရှိရင် ကြက်သွန်ဖြူဆီချက်ထည့်။
ရပြီဗျာ။

အိမ်ရှင်ထီး၏ မီးဖိုချောင် - Hubby Kitchen