ဘာလို့ ကတ်ကြေးကိုက်လို့ ခေါ်ရသလဲမေးမြန်ကြည့်တော့
ညှပ်ခေါက်ဆွဲက ပထမအစတုန်းက အပြင်လိုက်ကြီးတဲ့။
အဲ့ဒါကို အခုစားတဲ့ အရွယ်တော်ရအောင်
ကတ်ကြေးနဲ့ ကိုက်ရလို့ ကတ်ကြေးကိုက်လို့ ခေါ်တာလို့ မှတ်ဘူးပါတယ်။
ညှပ်ခေါက်ဆွဲဖတ်ကို ရေအေးနဲ့ဆေး
ငရုပ်သီးဆီချက် ပဲငံပြာရည်အနောက်
ဆားအနည်းငယ်နဲ့ နှံအာင်မွှေထား။
ကြက်သွန်မိတ်ပါးပါးလှီး ပဲပင်ပေါက်ရေဆေးထား။
ဒယ်အိုးထဲဆီထည့် ဆီပူရင်ကြက်ဉ၂လုံးဖောက်ထည့်မွှေ
ခဏမွှေပြီးပြန်ဆယ်ထား
ဝက်အူချောင်းကြော် ပြီးပြန်ဆယ်ထား။
ကြက်သွန်ဖြူဒါးပြားရိုက်ဆီအိုးထဲထည့်
အသားထည့်
ပုဇွန်ထည့်
ကင်းမွန်ထည့်။
ဆားနဲနဲထည့် ၊
ခရုဆီထည့် ခေါက်ဆွဲထည့် ၊
အရေးကြီးဆုံး ရှာလကာရည် ၂-၃ဇွန်းထည့်။ (အမှန်ကပအုံးရည်ထည့်ရမှာ- မရှိလို့)
ပဲပြုတ်ထည့်။ ပဲပင်ပေါက်ထည့် ။
ပြန်ဆယ်ထားတဲ့ ကြက်ဥနဲ့ ၀က်အူချောင်းထည့်။
ကြက်သွန်မြိတ်ထည့်။
မီးပြင်းနဲပြင်းနဲ့နဲနဲမွှေပြီးရင် ကတ်ကြေးကိုက်ရပါပြီ။
No comments:
Post a Comment