d r o p sth

Friday, June 10, 2016

စကားကြီး ဆယ်မျိုး

စကားကြီး ဆယ်မျိုး


စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြား သတ်မှတ်ထားသည်။
 မြန်မာလူမျိုးတို့က စကားကြီး ၁၀-မျိုးဟု ခေါ်ဆိုကြသည်။

စကားကြီး ဆယ်မျိုး

 

စကားပြောသည့်အရာတွင် ကျွမ်းကျင်လိမ္မာစေရန် နည်းအမျိုးမျိုးတို့ကို စကားကြီးဆယ်မျိုးဟူ- မြန်မာစကားခွဲခြားသတ်မှတ်ထားသည်။
ထိုဆယ်မျိုးမှာ ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး၊ ရေစီးဖောင်ဆန်၊ အိုးတန်ဆန်ခပ်၊ ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်၊ တောင်သူယာခုတ်၊ ကြက်ဆုတ်ခွပ်ပစ်၊ ရေစစ်ကရား ရေသွားသည့်သွင်၊ ခက်တင်မောင်းနင်း၊ ဆိုခြင်းစကား ၁၀ ပါး ဟူ ခွဲခြားသတ်မှတ်ထားသည်။

၁။ ရေကူးညာတင်ပြောနည်း

မြစ်တစ်ဖက်မှ လိုရာဆိပ်ကမ်းသို့ကူးလိုလျှင် မြစ်ညာကတင်ကူးမှ လိုရာသို့ ရောက်သကဲ့သို့ မိမိအလိုရှိရာသို့ရောက်အောင် အထက်ကတင်ကူးပြောခြင်းကို ရေကူးညာတင်ပြောနည်းဟု ခေါ်သည်။
လင်္ကာ -
ရှေးအခါက သမားတော်ဇီဝကသည် အူထုံးသော သူဌေးသားကို ကုသရာတွင် ခုနစ်ရက်ခန့် အိပ်စေလိုသည်ကို ခုနစ်လခန့် အိပ်နိုင်မည်လောဟု မေးသည်။ သူဌေးသားက မအိပ်နိုင်ပါဟုဆိုသည်တွင် ခြောက်လခန့် အိပ်နိုင်ပါမည်လော စသည်ဖြင့် တရွေ့ရွေ့ဆုတ်ကာမေး၏။ နောက်ဆုံးလိုရင်းဖြစ်သော ခုနစ်ရက်သို့ရောက်ကာမှ သူဌေးသားကို ခုနစ်ရက်အိပ်စေပြီးလျှင် ဝမ်းကိုခွဲ- အူထုံးကို ဖြေသည်။္ဂစကားမျိုးသည် ရေကူးညာတင်ဆိုသော စကားမျိုးဖြစ်၏။ အရပ်သားအသုံးအနှုန်း ဒူးလောက်တင်ရင်လောက်ကျ ဟူသော စကား၏အဓိပါယ်ကဲ့သို့ပင်ဖြစ်သည်။

၂။ ကောက်ပင်ရိတ်လှီးပြောနည်း

စပါးရိတ်လျှင် ကောက်ပင်ကို လက်တစ်ဖက်ဖြင့်ဆုပ်သိမ်းကာ တံစဉ်ဖြင့်အရင်းမှဖြတ်ရိတ်သကဲ့သို့ တစ်ဖက်လူ၏စကားကို သိမ်းကျုံးဖမ်းယူပြီးမှ အရင်းကဖြတ် ပိုင်အောင်ပြောခြင်းသည် ကောက်ပင်ရိတ်လှီး ပြောနည်းဖြစ်၏။
လင်္ကာ-
ရှေးအခါက သူဌေးသားတစ်ယောက်သည် ဗျိုင်းတစ်ကောင်ကို လေးနှင့်ပစ်ယူလာသည်ကို အခြားသူဌေးသားတစ်ယောက်ကမြင်လိုချင်သဖြင့်္ဂဗျိုင်းသည် တစ်နေ့လျှင် ရွှေစင်တစ်ကျပ်ကား အန်ထုတ်ပေးလေ့ရှိသော ငါ၏ဗျိုင်းဖြစ်သည်ဟု စွပ်စွဲ၏။ ထိုအခါ လေးနှင့်ပစ်သူက ထိုသို့အန်ထုတ်ပေးလာသည်မှာ မည်မျှကြာပြီနည်းဟု မေးရာ ဗျိုင်းရှင်ဆိုသူက တစ်နှစ်ရှိပြီဟု ထပ်ဖြေ၏။ ထိုအခါမှ လေးနှင့်ပစ်သူက မိမိအိမ်ရှေ့တွင် ပုံထားသော ရွှေစင်ပုံကြီးမှ တစ်နေ့လျှင် တစ်ကျပ်သားပျောက်ဆုံးခဲ့သည်မှာ တစ်နှစ်ရှိခဲ့ပြီဖြစ်ရာ ယနေ့မှ သူခိုးကိုမိသည်။ ဗျိုင်းသည် သူခိုးဖြစ်ဗျိုင်းရှင်သည် သူခိုးလက်ခံဖြစ်သည်။ ထို့ကြောင့် တစ်နှစ်အတွက် ရွှေသုာ ခြောက်ဆယ်သား လျော်ပေးရမည်ဟု တောင်းလေ၏။ ထို့ကြောင့် ဗျိုင်းကိုလိုချင်သော သူဌေးသားသည် အလျော်ပေးရလေ၏။္ဂသို့ တစ်ဖက်လူ၏စကားကို ဖမ်းပြီးမှ ပိုင်လောက်အောင်ပြောခြင်းသည် ကောက်ပင်ရိတ်လှီးပြောနည်းမည်၏။

၃။ ရေစီးဖောင်ဆန်ပြောနည်း

ဖောင်ကြီးသည် အညာသို့ဆန်သောကာလ လိုရာဆန္ဒရှိသမျှကို တင်ယူ- ဖြည်းညင်းသာယာစွာဆန်လျှင် လိုရာအရပ်သို့ ရောက်နိုင်၏။္ဂဥပမာကဲ့သို့ စကားအရာတွင်လည်း ဥပမာ ဥပမေယျတို့ဖြင့်ဖြည်းညင်းသာယာစွာ လိုရာရောက်အောင် ပြောသာစကားသည် ရေစီးဖောင်ဆန်မည်၏။
လင်္ကာ-
ဟံသာဝတီဘုရင် ရာဇာဓိရာဇ်မင်းလက်ထက် ဒွါရာဝတီမင်းစစ်ချီလာရာတွင် ရာဇာဓိရာဇ်က သံစေလွှတ်ရာ စာသဝဏ်တွင် အဆွေတော်ဟုရေးသည်ကို ဒွါရဝတီမင်းက မနှစ်သက်လေ။ ထို့ကြောင့် ပဝတဋ္ဋမင်းက ဇာတိအားဖြင့် မင်းဖြစ်သူကို အဆွေတော်ဟု ခေါ် ဝေါ်သည်မှာမသင့်၊္ဂအရေးကိုပြေအောင် သံတော်တို့က ချေလည်စေ။ မချေနိုင်လျှင်လည်း ဆီအိုးကင်းထည့်ကြော်ရမည်ဟု ဒွါရဝတီမင်းက သံတော်တို့ကို မိန့်လေ၏။ ထိုအခါ သံတော်တို့က အဆွေတော်ဟု ရေးခြင်းသည် ဘုရားရှင်တို့မှစ တပည့်သား သံဃာနှင့်တကွ ရေမြေ့ရှင်တို့တိုင်အောင် ခေါ်ဝေါ်သည့်ထုံးစံဖြစ်ကြောင်း၊ ဘုရားရှင်တို့သည် ဘုရားချင်းကိုသာ ညီတော်နောင်တော်ဟုခေါ်သည်။ သံဃာတို့သည် သံဃာအချင်းချင်းကိုသာ ညီတော်နောင်တော်ဟုခေါ်သည်။ လူ့ဘဝမှတော်စပ်သော ဆွေမျိုးများကိုကား္ဂသို့မခေါ်ချေ။ ထို့အတူ ဘုရင်မင်းမြတ်တို့သည်လည်း ထီးနန်းမစံသေးသော ဆွေတော်မျိုးတော်တို့ကို အဆွေတော်ဟု ခေါ်ရိုးမရှိ။ နန်းစံဘုရင်ချင်းကိုသာ အဆွေတော်ခေါ်ရိုးဖြစ် ရာဇာဓိရာဇ်မှာလည်း ဟံသာဝတီ ရွှေနန်းရှင်ဖြစ်သောကြောင့် အဆွေတော်ဟု ရေးရပါသည်ဟု သံတို့ကလျှောက်ထား၏။ ထိုအခါ ဒွါရဝတီမင်းနှင့်ပါလာသော ပညာရှိမှုးမတ်တို့က ယခုချေပသည့်စကားသည် သဗေညု ရှင်တော်ဘုရားတို့ကို ဥပမာပြုတပည့်သား သံဃာတော်နှင့်တကွ ရေမြေ့ရှင်တိုင်အောင် ခေါ်ဝေါ်ပြီး ထုံးစံနှင့် ချေလည်ခြင်းဖြစ်သည်ဟု ချီးမွမ်းကြသဖြင့် ဒွာရဝတီမင်းလည်း စကားချေလည်သည်၊ သင့်ပေ၏ဟု ဆုလာဘ်များစွာ ပေးလေသည်။္ဂသို့ ဥပမာဥပမေယျတို့ဖြင့် လိုရာရောက်အောင်ပြောခြင်းသည် ရေစီးဖောင်ဆန် ပြောခြင်းပင်ဖြစ်၏။

၎။ အိုးတန်ဆန်ခပ်ပြောနည်း

အိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးနပ်စွာသုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း မယုတ်မလွတ်နှင့် လိုရာရောက်အောင် ပြောဆိုခြင်းသည် အိုးတန်ဆန်ခပ်ပြောနည်းဖြစ်၏။
လင်္ကာ-
ဘုရားအလောင်း သုဝဏသာမသည် မြားဆိပ်သင့်လဲနေရာ မိဘနှစ်ပါးအား သိကြားမင်းက သားရှင်စေလိုသလော၊ ရွှေအိုးလိုချင် သလော၊ မျက်စိမြင်ချင်သလောဟု မေးရာတွင် သားရွှေအိုးထမ်းလာသည်ကို မြင်ချင်ပါသည်ဟု ဖြေသဖြင့် လိုအပ်သမျှ ပြည့်စုံ၏။ ထိုသို့ အလိုရှိသောစကားကို မယုတ်မလွန်ပြောခြင်းသည် အိုးတန်ဆန်ခပ် ပြောနည်းဖြစ်၏။

၅။ ဆီပွတ်ကျည်ပွေ့ပြောနည်း

ဆီကိုရအောင်ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့ အလိုရှိသောစကားကို အထပ်ထပ်ပြောခြင်းသည် ဆီပွတ်ကျည်ပွေ့ ပြောနည်းဖြစ်၏။
လင်္ကာ-
ရှေးအခါက မင်းတစ်ပါးသည် ဘုရားတည်မည်ပြုရာ ဘုရားတည်မည်ပြုရာ ဘုရားပိန္ခဲတိုင်ကို မန်ကျည်းနှစ်ဖြင့်လုပ်ရသော် မကောင်းလောဟု အမတ်ကြီးအား မေး၏။ အမတ်ကြီးက မန်ကျည်းနှစ်လည်းကောင်း၏။ ကျွန်းသားလည်း ကောင်း၏ဟု ဖြေသည်။္ဂသို့ဘုရင်မေးသမျှသော သစ်သားများတွင် ကျွန်းသားကောင်းကြောင်းကို ထပ်တလဲလဲထည့်ပြောသဖြင့် ကျွန်းသားကိုပင် ဘုရားပိနဲÃ္ခတိုင်လုပ်ရလေသည်။ ထိုသို့ အလိုရှိသောစကားကို ထပ်တလဲလဲပြောခြင်းသည် ဆီပွတ်ကျည်ပွေ့ ပြောနည်းမည်၏။

၆။ ဆင်ဝှေ့ရန်ရှောင်ပြောနည်း

ဆင်ဝှေ့မည်ဟုလိုက်လျှင် လွတ်ရာလွတ်ကြောင်း တိမ်းရှောင်က ချမ်းသာသကဲ့သို့ စကားအရာတွင်လည်း မိမိအဖို့ ဘေးရောက်မည့်စကားကို ရှောင်လွှဲ ပြောဆိုခြင်းသည် ဆင်ဝှေ့ရန်ရှောင်ပြောနည်းပင် ဖြစ်၏။
လင်္ကာ-
ရှေးအခါက အိမ်ရှေ့မင်း တစ်ပါးသည် ကျောင်းဆောက်ရာ ကျောင်းတိုင်ကို ယက်မအောင် မြေကြီးထိအောင် ရွှေချလေသည်။ ထိုသည်ကို မြို့ဝန်က ဧကရာဇ်ကိုတုပ မြေကြီးထိရွှေမချသင့်ဟု အောက်ခြေမှ ရွှေများကို တိုက်ဖျက်ပစ်လေ၏။ 
ထိုအခါ အိမ်ရှေ့မင်းသည် အမျက်ထွက်စစ်မေးလေရာ မြို့ဝန်သည် တိုက်ရိုက်မလျှောက်ဘဲ စကားတိမ်းရှောင် အရှင်အိမ်ရှေ့မင်းသည် နောင်ဧကရာဇ်မင်းဖြစ်မည့်သူ ဖြစ်ပါသည်။ မင်းဧကရာဇ်မဖြစ်မီ ရွှေအပြည့်ချ ကျောင်းဆောက်သော် မင်းဧကရာဇ်ဖြစ်သည့်အခါ မူလဆောက်သောကျောင်းနှင့် မင်းဖြစ်မှဆောက်သောကျောင်းသည် အတူတူပင်၊ ခြားနားမှုမရှိပါလေဟု ဆိုရန်ရှိသောကြောင့် မင်းဖြစ်သည့်ကာလ ကျောင်းဆောက်တော်မူလျှင် နောင်ကိုချရန် ရွှေအခင်းကို ချန်လှပ်ထားရပါမည်ဟု လျှောက်တင်လေ၏။္ဂသို့လျှောက်တင်သည့်အတွက် အသက်ချမ်းသာရာရလေသည်။္ဂကဲ့သို့ ဘေးလွတ်အောင် တိမ်းရှောင်ပြောခြင်းသည် ဆင်ဝှေ့ရန်ရှောင် ပြောခြင်းပင်ဖြစ်၏။

၇။ တောင်သူယာခုတ်ပြောနည်း

တောင်သူတို့သည် ယာခုတ်လျှင် ချုံငယ်သစ်ပင်ငယ်တို့ကို ဦးစွာရှင်းလင်းခုတ်ထွင်ပြီးမှ သစ်ပင်ကြီးများကို လှဲသကဲ့သို့ စကားအရာတွင် ဦးစွာ စကားငယ်ကိုပြော နောက်မှ စကားကြီးများကို ဖိပြောခြင်းဖြင့် အနိုင်ယူသည်ကို တောင်သူယာခုတ်နည်းဟု ခေါ်သည်။ ရှေးအခါက ဝိဒေဟရာဇ်မင်းကြီး၏ သိန်းအမတ်နှင့် မဟောသဓာပညာရှိ သုခမိန်သည် ပညာနှင့်စာ မည်သည်ကမြတ်ကြောင်း ငြင်းခုံကြရာတွင် မဟောသဓာသည် ပထမဦးစွာ သေးငယ်သော ဥပမာတို့ဖြင့်သာ တင်ပြပြောဆို နောက်ဆုံးတွင် လောကသုံးပါးတွင် အတုမရှိသော သဗညုတဥာဏ်တော်ကိုရတော်မူသော မြတ်စွာဘုရားထက် အဘယ်ဥစ္စာရှိသူမှ သာလွန်နိုင်မည်မဟုတ် ဥစ္စာရှိသူထက် ပညာရှိမြတ်ပေ၏ဟု စကားကြီးဖြင့် ပိတ်ဆိုလေသည်။ သို့ဖြင့် အနိုင်ရလေ၏။္ဂကဲ့သို့ စကားငယ်ကို ပြောပြီးမှ စကားကြီးဖြင့် ပိတ်ဆိုခြင်းသည် တောင်သူယာခုတ် ပြောနည်းမည်၏။

၈။ ကြက်ဆုတ်ခွပ်ပစ်ပြောနည်း

ကြက်တို့၏ သဘောသည် ခွပ်မည်ပြုသောအခါ နောက်သို့ဆုတ်ဟန်ပြု အကယ်ခွပ်သောအခါမှသာ စီးခွပ်သကဲ့သို့ စကားအရာတွင် သူ့အလိုကို လိုက်တန်သရွေ့လိုက်ပြီးလျှင် စီးသောအခါမှ စီးလျက် ပြောသေားကားမျိုးမည်၏။ ဦးပေါ်ဦး၏လျှောက်ထုံးဖြစ်သော ကဝိသေတဋ္ဋုမဥူသာကျမ်းတွင် ဖော်ပြထားသော အောက်ပါအကြောင်းရပ်တို့သည် ကြက်ဆုတ်ခွပ်ပစ် စကားမျိုးဖြစ်သည်။
လင်္ကာ-
တစ်ရံရောအခါ အမရပူရနေပြည်တော်ကြီးအတွင်း တရုတ်လူမျိုး ငရွှေကြည်ခေါက်ဆွဲဖိုမှ မီးထလောင်ကျွမ်းရာ နန်းတော်ကြီးမှစ ရှိရှိသမျှ မီးသင့်လောင်ကျွမ်းကုန်ရကား ခေါက်ဆွဲဖိုရှင် ငရွှေကြည်သည် လက်လွတ်ထွက်ပြေးတိမ်းရှောင်နေ၏။ ထိုအခိုက်တွင် ဂန္ဓာလရာဇ်ပြည့်ရှင် ချင်းလုံဦးတည်မင်းက လျောင်းတူရဲနှင့် အဖော်သုံးဦးတို့ကို သံခန့်လျက် ပဏာလက်ဆောင်များ၊ ကုန်စည်ဝယ်ရန် ငွေတော်ရှစ်သိန်း၊ ကုန်တင်ရန်လားကောင်ရေ ခုနစ်ထောင်ကျော်တို့နှင့် အမရပူရသို့လွှတ်လိုက်၏။ ထိုသူတို့ ရန်ကင်းတောင်အနီးတွင် စခန်းချနေစဉ် စစ်ကိုင်းမင်း၏ အိမ်တော်သားတို့သည် လက်နက်လှံဓားအမြောက်အမြားနှင့် တရုတ်ကုန်သည်တို့ကို တိုက်ခိုက်လုယူကြရာ လားတို့လည်း တကွဲတပြား၊ တရုတ်တို့လည်း ဒဏ်ရာဒဏ်ချက် အများရကြ၏။ ထိုအခါ တရုတ်သံတို့က မင်းတရာကြီးအား ထိုအကြောင်းကို အစီရင်ခံလျက် ဒဏ်ရာဒဏ်ချက်ရရှိသည်တို့ကို မဟာမိတ်နိုင်ငံချင်းဖြစ်သဖြင့် မပြောမဆိုလိုကြောင်း၊ အထည်ပစ္စည်း ဝယ်ရန်လွှတ်လိုက်သော ငွေတော်ရှစ်သိန်းကိုသာ ပေးလျှော်ပါမည့်အကြောင်း၊ ယင်းသို့မဟုတ်ပါက လုယက်သူတို့ကို ပေးအပ်ပါမည့်အကြောင်း လျှောက်ထားလေ၏။
ဘုရင်မင်းမြတ်သည် ထိုအရေးကို ဆောင်ရွက်စေရန် အမတ်ကြီးဦးပေါ်ဦးအား တာဝန်လွှဲတော်မူ၏။ အမတ်ကြီးဦးပေါ်ဦးလည်း တရုတ်တို့အား ဧည့်ဝတ်ကျေပွန်စွာပြုပြီးလျှင် တရုတ်သံတို့တောင်းသော လျှော်ကြေးအတွက်္ဂသို့စကားဆိုသည်။ ဘုရင်ဦးတည်မင်း၏ အမိန့်စာချွန်ကို ဖတ်သိရသည့်အတိုင်း ကျွန်ုပ်တို့က ပေးလျော်ပါမည်။ တရုတ်ကုန်သည်တို့ပျောက်ဆုံးသော ပစ္စည်းအရပ်ရပ်ကိုသာ နောင်အခါကျန်ပါသေးသည်ဟု မဆိုရစေရန် ထမင်းစားသောတူကိုမျှမချန် ယခုတစ်ခါတည်းစာရင်းတင်ပါဟု ဆိုလေ၏။ တရုတ်တို့က ငွေတော်ရှစ်သိန်းနှင့် မိမိတို့ပိုင်ငွေနှင့်ပေါင်းသော ကိုးသိန်းပျောက်ပါသည်ဟုဆို၏။ ထိုအခါ ဦးပေါ်ဦးက ထိုငွေကိုပေးလျော်ပါမည်။ ယခုအခါ အမရပူရနေပြည်တော်မှ ရွှေနန်းတော်ကြီးနှင့်တကွ တစ်စမကျန် တရုတ်လုမျိုး ငရွှေကြည်ခေါက်ဆွဲဖိုမှစ မီးလောင်ခံရသည်ကို သံမင်းတို့ အသိပင်ဖြစ်သည်။ သို့အတွက် မူလ မီးရှင်တရုတ်ငရွှေကြည်ကို ကျွန်ုပ်တို့လက်သို့ အပ်စေလိုပါသည်။ တရုတ်ငရွှေကြည် လက်ဝယ်ရောက်လျှင် ပျောက်ဆုံးငွေကိုးသိန်းကို ရပါစေမည်ဟု ပြန်ကြားလေသည်။ တရုတ်သံတို့လည်း ငရွှေကြည်အားရှာဖွေရာ မတွေ့သဖြင့် မရနိုင်ကြောင်း စကားပြန်၏။ ထိုအခါ ဦးပေါ်ဦးက နှစ်တိုင်းနှစ်ပြည် မဟာမိတ်ဖြစ်ကြသည်မှာ နှစ်ရှည်လများခဲ့ပြီ။ မိတ်မပျက်စေခြင်းအကျိုးငှာ တိမ်းရှောင်နေသူ တရုတ်ငရွှေကြည်တစ်ယောက်ကိုသာ ပေးအပ်ပါဆိုသည်ကို ရှာဖွေမရသဖြင့် မအပ်နိုင်ဆိုချေသည်။ ကျွန်ုပ်တို့ထံ တောင်းရမ်းသော ဓားပြတို့မှာ လူများစွာဖြစ်အဘယ်မှာရှာကြံအပ်နိုင်ပါအံ့နည်း။ ပေးလျော်စေလိုသော ငွေကိုးသိန်းမှာလည်း တရုတ်လူမျိုး ငရွှေကြည်၏ မီးအတွက်ပျက်စီးသော ပစ္စည်းတန်ဖိုးမှာ ကုဋေငါးဆယ်မျှမက ရှိချေသည်။ ယင်းငွေများကို ကျွန်ုပ်တို့သည် နှစ်ပြည့်တစ်ပြည် အကြည်တော် မပျက်စေရှိကြစေခြင်းငှာ သံမင်းတို့ ဘုရင်ထံ တောင်းခံခြင်းမပြုပါ။ ကျွန်ုပ်တို့ထံတွင် ပျောက်ဆုံးသော ငွေကိုးသိန်းခန့်လောက် တောင်းခံခြင်းပြုသည်မှာ ပြည်ထောင်တကာ မင်းများစွာတို့ကြားခါ စင်စစ် ရယ်ဖွယ်ကြီးဖြစ်ပေလိမ့်မည်။ သို့ဖြစ်္ဂတရားကို စဉ်းစားပြီးမှ တောင်းခံသင့်ကြောင်းကို သံမင်းတို့မင်းထံ လျှောက်ထားပါဟုဆို၏။ ထိုအခါ သံအမတ်တို့၏ တင်ဆက်လွှာအရ ဦးတည်မင်းက လျော်ကြေးငွေ မတောင်းစေတော့ဘဲ ပြန်လာရန်အကြောင်းကြားလေသည်။္ဂကဲ့သို့ စကားကိုဦးစွာအလျှော့ပေးပြီးလျှင် စီးသည့်အခါ စီးပြောခြင်းသည် ကြက်ဆုပ်ခွပ်ပစ်ပြောခြင်းမည်၏။

၉။ ရေစစ်ကရားရေသွားသောသွင်ပြောနည်း

ရေစစ်သော ဓမ္မကရိုစ်ကို ရေတွင်နှစ် ရေပြည့်လျှင် အပေါက်ကို လက်နှင့် ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တစ်ဖက်လူ၏စကားကို ပိတ်မိအောင်ပြောသောစကားသည် ရေစစ်ကရား ရေသွားသောသွင်ပြောနည်းမည်၏။
လင်္ကာ-
ရှေးအခါက သူငယ်လေးယောက်နှင့် သူအိုတစ်ယောက်သည် မယုံဘူးဆိုသူကို ကျွန်ပြုစတမ်းဟု ချိန်းချက်ယုံတမ်းစကားပြောကြ၏။ ပထမသူငယ်က ငါငယ်စဉ်က အမိဝမ်းတွင်း ပဋိသန္ဓေနေစဉ် အမိဖြစ်သူ ချဉ်သီးစားချင်ကြောင်းသိသဖြင့် ဝမ်းမှထွက်ချဉ်သီးရှာပေးသည်။ ယုံကြသလောဟုဆိုရာ ကျန်လူများက ယုံသည်ဟုဆို၏။ ဒုတိယသူငယ်က ငါသည် မန်ကျည်းသီးစားချင်သောကြောင့် ခြေမကိုကိုင်ပစ်ကာမန်ကျည်းပင်ပေါ်သို့ တက်သည်။ မန်ကျည်းသီး တင်းပေါင်းများစွာဆွတ်ပြီးလျှင် မဆင်းနိုင် အိမ်မှလှေကားကို ပြန်ယူကာ ဆင်းရသည်။ ယုံကြသလောဟု မေးရာ ယုံပါ၏ဟု ဆိုကြ၏။ တတိယသူငယ်ကလည်း ငါသည် ငါးစားချင်သောကြောင့် ရေတွင်ငုပ် ငါးကိုဖမ်းပြီး ရေထဲမှာပင် မီးဖုတ်စား၏။ ယုံကြသလောဟုဆိုရာ ယုံပါ၏ဟု ပြောကြ၏။ စတုတ္ထသူငယ်က တစ်ဖန်ငါ့မိဘအိမ်သည် အလွန်မြင့်၏။ အိမ်မှ ကျွန်မ၏ ဖွားမြင်စသားသည် ကြမ်းပေါက်မှ ကျရာ ဆံပင်ဆွတ်ဆွတ်ဖြူမှ အောက်သို့ရောက်၏။ ယုံကြသလောဟု မေး၏။ ကျန်လူများက ယုံပါဟုဆို၏။ နောက်ဆုံးတွင် သူအိုက ငါသည် ဝါပင်တစ်ပင်စိုက်၏။ ထိုဝါပင်မှ ဝါသီးလေးသီး သီးသည်။ ထိုဝါသီးလေးသီးမှ သူငယ်လေးယောက် ပေါ်ပေါက်သည်ကို ငါကျွန်ပြုထားသည်။ ထိုသူငယ်တို့သည် ငါ့ထံမှ ထွက်ပြေးကြသည်ကို ငါရှာဖွေနေသညှ်မှာ ယခုမှ တွေ့ရသည်။ သင်တို့လေးယောက်သည် ငါ့ကျွန်ဖြစ်သည်။ ယုံကြပါသလောဟု မေး၏။ သူငယ်လေးယောက်မှာ ယုံပါ၏ဟု ဆိုလျှင်လည်း သူအို၏ကျွန်၊ မယုံပါဆိုလျှင်လည်း သူအို၏ကျွန်သာ ဖြစ်ကြရ၏။္ဂသို့ သူ့စကားကို ပိတ်မိအောင်ပြောသော စကားသည် ရေစစ်ကရားပြောနည်း ဖြစ်၏

၁၀။ ခက်တင်မောင်းနင်းပြောနည်း

သူ့စကားကို ဟုတ်၏ဟုလည်းမဆို၊ မဟုတ်ဟုလည်းမဆိုဘဲ မတင်မကျပြောသောစကားသည် ခက်တင်မောင်းနင်းပြောနည်းဖြစ်၏။
လင်္ကာ-
ရှေးအခါက မင်းမှုထမ်းတစ်စုက လူဆိုးတစ်ယောက်အား ဖမ်းဆီးသတ်မည်ပြုသည်တွင် လူဆိုးက ငါသည် တောင်ဘီလူး ဆရာတော်၏တူဖြစ်သည်ဆိုရာ မှန်မမှန်မေးရန် ဆရာတော်ထံ ခေါ်သွားကြရာ ဆရာတော်က မဟုတ်ဘူးဆိုလျှင်္ဂလူသေမည်၊ ဟုတ်၏ဆိုလျှင်လည်း မုသားရောက်မည်ဟုကြံ္ဂသူသည် ငါ့တူမဟုတ်ဟု မည်သူပြောသနည်းဟု မိန့်တော်မူ၏။ မင်းမှုထမ်းတို့လည်း ထပ်မလျှောက်ဝံ့သဖြင့် ပြန်သွားကြရ၏။ သို့ဖြင့် လူဆိုးလည်း ချမ်းသာရာရ၏။္ဂကဲ့သို့ မတင်မကျပြောခြင်းကို ခက်တင်မောင်းနင်းပြောနည်းဟု ခေါ်၏။


မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)





copied from my note.  

No comments:

Post a Comment