d r o p sth

Showing posts with label Political. Show all posts
Showing posts with label Political. Show all posts

Friday, June 10, 2016

This is called "Change"


R E S P E C T.
 


■၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံသားများ သာမန်နိုင်ငံကူးလက်မှတ် (Ordinary Passport) ဖြင့် စင်္ကာပူနိုင်ငံသို့ သွားရောက်ကြရာတွင် ဗီဇာ လျှောက်ထားစရာ မလိုဘဲ ရက်ပေါင်း (၃၀) နေထိုင်ခွင့် ရရှိတော့မည် ■

နေပြည်တော်၊ ဇွန် ၇


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်္ကာပူသမ္မတ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးအား သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ဗီဇာကင်းလွတ် ရက်ပေါင်း(၃၀) နေထိုင်ခွင့် အပြန်အလှန် သဘောတူညီချက်များ လဲလှယ်ခဲ့ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စင်္ကာပူဝန်ကြီးချုပ်တို့ ရှေ့မှောက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် မြန်မာနိုင်ငံဆိုင်ရာ စင်္ကပူ သံအမတ်ကြီး မစ္စတာ ရောဘတ်ချွာတို့ လဲလှယ်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသဘောတူညီချက်အရ မြန်မာနိုင်ငံသားများ သာမန်နိုင်ငံကူးလက်မှတ် (Ordinary Passport) ဖြင့် စင်္ကာပူနိုင်ငံသို့ သွားရောက်ကြရာတွင် ဗီဇာ လျှောက်ထားစရာ မလိုဘဲ ရက်ပေါင်း (၃၀) နေထိုင်ခွင့် ရရှိတော့မည် ဖြစ်သည်။

အလားတူ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ စင်္ကာပူနိုင်ငံသားများ အနေဖြင့်လည်း မြန်မာနိုင်ငံသို့ ဗီဇာလျှောက်ထားစရာ မလိုတော့ဘဲ လာရောက်နိုင်ပြီး ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့် ရရှိမည် ဖြစ်သည်။
သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ဗီဇာကင်းလွတ် ရက်ပေါင်း(၃၀)နေထိုင်ခွင့် ပြုခြင်းကို လာမည့် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးမည် ဖြစ်သည်။

Copied from  Myanmar State Counsellor Office Facebook Page

ကြက်သားကာလသားချက် {Myanmar Bachelor's Chicken Curry}






ရွာတွေမှာ ကြက်ခိုး ဘူးသီးခိုးပြီး ရတာလေးတွေနဲ့
လူ မမိခင် မြန်မြန် မြန်မြန်ချက်ရတဲ့ဟင်းပေါ့။

ပြင်မယ်
••••••••
၁.)ကြက်သား
၂.) ဗူးသီး
၃.) ငရုတ်သီးအစိမ်းအကြမ်း
၎.) စပါးလင်
၅.) ကြက်သွန်နီ
၆.)နနွင်းမှုန့်
၇.) ဆား
၈.) ဆီနည်းနည်း

ကြက်သားကို ကြိုက်သလိုတုန်းထား
ငရုတ်သီးကို ဖြစ်သလိုထောင်းထား
စပါးလင်ကို ဒါးပြားရိုက်ထား
ကြက်သွန်နီလေးစိတ်ကွဲလှီးထား










ချက်မယ်
•••••••••
ကြက်သားကို ဆား၊ နနွင်းမှုန့်၊
ငရုတ်သီး မညက်တစ်ညက်ထောင်း၊
ကြက်သွန်နီလေးစိတ်ကွဲနဲ့
ဆီအနည်းငယ်ထည့်ပြီး လုံးပါ။
သောက်ဆမ်းလေးဆိုတော့
ဆီနှင့် ငရုတ်သီးကို လျှော့သုံးပါ။


စပါးလင်တွေကိုလည်းကြက်သားနှင့်
အတူတူထည့်ချက်လိုက်ပါ။
အနံမွှေးလာရင် ရေထည့်ပြီးအုပ်ထား။
ခဏနေရင် လှီးထားတဲ့ ဘူးသီးထည့်
အပေါ့အငံမြည်းပြီး အဖုံး ခဏပြန်အုပ်ထား။
ဘူးသီးနှုးရင် ရပြီဗျာ။

‪#‎ကြက်ကာလသားချက်‬
‪#‎MyanmarBachelorChickenCurry
အဆင်ပြေရင် မာရှီလေးနည်းနည်းပေါက်လိုက်ဗျာ။
စားလိုကို မရပ်စေရဘူး။
အာမခံတယ်။ :-))

အိမ်ရှင်ထီး၏မီးဖိုချောင်
----------------

(Photo: May Wong - CNN)


ဝန်ခံချက်။
•••••••••
ဒေါ်အောင်ဆန်းစုကြည်နဲ့
နိုင်ငံတော်သမ္မတကြီးက
စင်ကာပူဝန်ကြီးချုပ်ကို ညစာဖိတ်ကျွေးတဲ့
စာရင်းထဲက
ဟင်းတခွက် အမှတ်တရအနေနဲ့ ချက်စားပါတယ်။