d r o p sth

Friday, June 10, 2016

အလှူတခုကို စမ်းစစ်ကြည်ြ့ခင်း ခဏတာ။

•••••••••••••••••••••••••••••••••

ဆိုက်ကားဆရာကြီးတွေ
ခေါင်းရွက်ဗျတ်ထိုးဈေးသည်တွေ
မသန်စွမ်းတွေကို သူဌေးကြီး
တယောက်က ပိုက်ဆံတွေလှူနေတာမြင်တော့
မုဒိတာပွါးရတယ်ဗျာ။


လှူချင်စိတ်ရှိပေမယ့် လှူဖို့အားက မရှိလေတော့
သာဓုပဲလှိမ့်ခေါ်နေမိတယ်။

အားလဲ ကျမိပါရဲ့။
တကယ်ပါ။

သိန်းပေါင်း ၃၀၀၀ကျော်ကို ရက်ရက်ရောရောကို
လှူပစ်တာကို တချို့က အလှူခံပုဂ္ဂိုလ်တွေက
ဘယ်နေရာမှာ သုံးမှာလဲ၊ အကျိုးရှိရှိသုံးမှာလား၊
ဆိုပြီး စောကျောသုံးသပ်ကြတဲ့သူတွေရှိတာကို
ကျတော့် နှစ်သက်ဆုံးထဲမှာပါတဲ့ ဘလောက်ဂါ
ကိုကလိုစေထူး(သွင် ယု)က
"သာဓုကို အကဲမဖြတ်ချင်..." ဆိုပြီး နာမည်ပေးတယ်။
လှလိုက်တာ။ ။

အခုလို လှူတာကို သာဓုခေါ်ပါတယ်။

သာဓုကိုလည်း အကဲမဖြတ်ချင်ပါဘူး။

ဘာလို့လဲဆိုတော့ကာ.....
ကိုယ်မှ မလှူနိုင်တာကို။

ဒါပေမယ့် တခုတွေးကြည့်တာက....................

ဥပမာ။ ။ လူတယောက်ကို
တသိန်းလှူမယ်ဆိုပါတော့။
ပထမအနေနဲ့ ၅သောင်းနဲ့ သစ်ပင်တပင် အရင်ပေးမယ်။
အဲ့ဒီအပင်ကို စိုက်ပေးပါ ရှင်အောင်စိုက်ပေးပါ။
စိုက်ချင်တဲ့နေရာမှာစိုက်ပါလို့ တောင်းဆိုကြည့်မယ်ဗျာ။

နောက်၁လကြာရင် နောက်ထပ် ၅သောင်းကို
ထပ်လှူမယ်ဗျာ။
အပင် ရှင်ရှင် မ ရှင်ရှင်ပေါ့။

လူ ၆၃၀ ထဲမှာ အပင် ၄၀-၅၀လောက်ရှင်ရင်တောင်
အတော် ကောင်းနေပြီလို့ ထင်ပါတယ်။

အလှူလဲ ၂ခါလှူရတယ်ဗျာ။
သူ့အတွက် အပင်စိုက်တာ ပိုပြီးတော့
ကုသိုလ်ရမယ်ထင်ပါတယ်။

ခြောက်လအတွင်းသေမယ် ပြီးရင်
မျောက်ဖြစ်မယ်ဆိုလို့ မျောက်ဖြစ်တဲ့အခါ
နေဖို့စားဖို့ ရအောင် ဥယာဉ်ခြံကြီးလုပ်
ရေကန်တွေတူးလုပ်လိုက်တာ
ခြောက်လကျော်တာတောင်
မသေလို့ ဘာဖြစ်လို့လဲ
စမ်းစစ်ကြည့်တော့ သစ်ပင်စိုက်လို့ဆိုတာကို
သွားတွေ့တဲ့ စာတပုဒ်ကို ဖတ်နေရင်းနဲ့ ရတဲ့
အတွေးတစပေါ့ဗျာ။

ပြီးတော့ အပင်စိုက်တာ ကျန်းမာပြီး အသက်ကို
ပိုရှည်ဖို့ အထောက်အလမ်းတခုများ
ပိုဖြစ်မလားလို့ တွေးနေမိတယ်ဗျာ။

‪#‎မစ္စတာမောင်ကိုသက်‬
6th June 2016

No comments:

Post a Comment