••••••••••••••••••••••••••••••
အိမ်ရှင်ထီးရန်ကုန်ပြန်တုန်းက ရှာစားမိတာ
မုန့်လင်မယားလည်းပါတယ်။
အရင်က မုန့်လင်မယားရောင်းတဲ့သူတွေက
မုန့်ဗန်းလေးသေးသေးနဲ့ ပဲ လုပ်ရောင်းကြတာ
အခုကြတော့ ဗန်းကြီးအကြီးကြီးနဲ့ မုန့်ရည်တွေကို
အတင်းထည့် ဆီတွေ အတင်းလောင်းပြီး
လုပ်တာတွေ့ခဲ့ရတယ်။
စီးပွါးရေး တအားဆန်သွားပြီး ဆီတွေဗလပွနဲ့
ဆီကလည်း မသန့်တော့ ၂ခါထက်ပိုပြီး မစားဖြစ်ဘူး။
အခု ThiThi DoneDoneမှာ မုန့်လင်မယားအိုးလေးကို
၂သောင်းခွဲနဲ့ ရောင်းနေတာတွေလို့ မေမေ့ကို ဝယ်ပေးပါလို့ ပြောလို့
ဒီအိုးလေးရတာနဲ့ လုပ်စားဖြစ်တယ်ဗျာ။
လုပ်စားကြရအောင်ဗျာ။
••••••••••••••••••••
ဆန်မှုန့် ခွက်တခွက် မပြည့်တပြည့်
ရေ ခွက် ၃ခွက် (~၅၀၀ ml)
ကောက်ညှင်းမှူန့် ထမင်းစားဇွန်း၁ဇွန်း
ပဲမှူန့် အစိမ်း ထမင်းစားဇွန်း၁ဇွန်း
ဆော်ဒါမှူန့် လဘက်ရည်ဇွန်း တ၀က်
ဆား သင့်ရုံထည့်
သကြားနည်းနည်း ပါးစပ်မချဉ်အောင်ထည့်တာ
ကြက်သွန်မိတ် ပါးပါးလှီး
အားလုံးရောပြီး ၁နာရီလောက်နှပ်ထားလေ။
ပြီးရင် မုန့်နှစ်ထဲကို ကြက်ဥ ၁လုံးကို
အကာချည်းပဲ ခေါက်ထည့်ပါ။
ပဲပြုတ် နှမ်းထောင်း အဆင်သင့်ပြင်ထားပါ။
Ready ဖြစ်ရင် စက်ကို အပူပေး
ဆီကို ခွက်ကလေးတွေထဲလိုက်ထည့်ပါ။
ပြီးရင် မုန့်နှစ်ကို သေသေချာချာ မွှေပြီး
ဖြည်းဖြည့်ခြင်းထည့်ပါ။
ပဲပြုတ်ထည့်ပါ။
နံနံပင်ကြိုက်ရင်လည်းထည့်ပါ။
ဆီကိုလည်း နည်းနည်းခြင်း မုန့်ခွက်စီကို
လိုက်ထည့်ပေးပါ။
ဝါးတူလေးနဲ့ အသာတွန်း တွန်းပေးပါ။
မုန့်လင်မယားလိုချင်ရင်တော့
မကျက်တကျက်ခွာလို့ရလောက်တဲ့အချိန်၂ခုပေါင်း ပြီး
ဟိုဘက်ဒီဘက်လှန်ပေးပါ။
ငုံးဥထည့်မယ်ဆိုရင်တော့ မုန့်အနှစ်ကို
တဝက်ပဲအရင်ထည့်ပါ။
ပြီးမှ ငုံးဥကို ဖောက်ထည့်ပါလေ။
ကျက်ရင်တော့ဆယ်ပြီး နှမ်းဆားထောင်းလေး
အပေါ်ကဖြူးပြီစားလို့ ရပါပြီ။
ကလေးတွေလည်း ကြိုက်ကြတယ်ဗျာ။
မုန့်ဗန်းလေးသေးသေးနဲ့ ပဲ လုပ်ရောင်းကြတာ
အခုကြတော့ ဗန်းကြီးအကြီးကြီးနဲ့ မုန့်ရည်တွေကို
အတင်းထည့် ဆီတွေ အတင်းလောင်းပြီး
လုပ်တာတွေ့ခဲ့ရတယ်။
စီးပွါးရေး တအားဆန်သွားပြီး ဆီတွေဗလပွနဲ့
ဆီကလည်း မသန့်တော့ ၂ခါထက်ပိုပြီး မစားဖြစ်ဘူး။
အခု ThiThi DoneDoneမှာ မုန့်လင်မယားအိုးလေးကို
၂သောင်းခွဲနဲ့ ရောင်းနေတာတွေလို့ မေမေ့ကို ဝယ်ပေးပါလို့ ပြောလို့
ဒီအိုးလေးရတာနဲ့ လုပ်စားဖြစ်တယ်ဗျာ။
လုပ်စားကြရအောင်ဗျာ။
••••••••••••••••••••
ဆန်မှုန့် ခွက်တခွက် မပြည့်တပြည့်
ရေ ခွက် ၃ခွက် (~၅၀၀ ml)
ကောက်ညှင်းမှူန့် ထမင်းစားဇွန်း၁ဇွန်း
ပဲမှူန့် အစိမ်း ထမင်းစားဇွန်း၁ဇွန်း
ဆော်ဒါမှူန့် လဘက်ရည်ဇွန်း တ၀က်
ဆား သင့်ရုံထည့်
သကြားနည်းနည်း ပါးစပ်မချဉ်အောင်ထည့်တာ
ကြက်သွန်မိတ် ပါးပါးလှီး
အားလုံးရောပြီး ၁နာရီလောက်နှပ်ထားလေ။
ပြီးရင် မုန့်နှစ်ထဲကို ကြက်ဥ ၁လုံးကို
အကာချည်းပဲ ခေါက်ထည့်ပါ။
ပဲပြုတ် နှမ်းထောင်း အဆင်သင့်ပြင်ထားပါ။
Ready ဖြစ်ရင် စက်ကို အပူပေး
ဆီကို ခွက်ကလေးတွေထဲလိုက်ထည့်ပါ။
ပြီးရင် မုန့်နှစ်ကို သေသေချာချာ မွှေပြီး
ဖြည်းဖြည့်ခြင်းထည့်ပါ။
ပဲပြုတ်ထည့်ပါ။
နံနံပင်ကြိုက်ရင်လည်းထည့်ပါ။
ဆီကိုလည်း နည်းနည်းခြင်း မုန့်ခွက်စီကို
လိုက်ထည့်ပေးပါ။
ဝါးတူလေးနဲ့ အသာတွန်း တွန်းပေးပါ။
မုန့်လင်မယားလိုချင်ရင်တော့
မကျက်တကျက်ခွာလို့ရလောက်တဲ့အချိန်၂ခုပေါင်း ပြီး
ဟိုဘက်ဒီဘက်လှန်ပေးပါ။
ငုံးဥထည့်မယ်ဆိုရင်တော့ မုန့်အနှစ်ကို
တဝက်ပဲအရင်ထည့်ပါ။
ပြီးမှ ငုံးဥကို ဖောက်ထည့်ပါလေ။
ကျက်ရင်တော့ဆယ်ပြီး နှမ်းဆားထောင်းလေး
အပေါ်ကဖြူးပြီစားလို့ ရပါပြီ။
ကလေးတွေလည်း ကြိုက်ကြတယ်ဗျာ။
No comments:
Post a Comment