yong tau foo လို့ခေါ်တဲ့ စင်ကာပူသူ
စင်ကာပူသားတွေကြိုက်ကြတဲ့ အဆီမပါတဲ့
ရေလုံပြုတ် ဟင်းတမျိုးပဲပေါ့။
footcourtsတွေ၊ Kopitian တွေ၊ foodstall တွေမှာ
ဈေးသက်သက်သာသာနဲ့ ကိုယ်စားချင်တဲ့
အမယ်တွေကိုရွေးပြီး ချက်ခိုင်းလို့ရပါတယ်။
အပြုတ်စားမလား
Dryလို့ခေါ်တဲ့ ပြုတ်ပြီးသားကို ငရုတ်ဆီ၊
yong tau foo အနှစ်နဲ့ စားမလား၊
ထမင်းနဲ့ စားမလား၊
ခေါက်ဆွဲနဲ့စားမလား၊
ကြာဇံနဲ့စားမလား၊
ညှပ်ခေါက်ဆွဲနဲ့စားမလား
ဒီအတိုင်းအပြုတ် ဒါမှမဟုတ် Dryပဲစားမလားဆိုတာ
ကတော့ ကိုယ့်ပေါ်မှာပဲ မူတည်ပါလိမ့်မယ်။
ကျနော်ကတော့ ကြာဇံနဲ့ Dryမှာစားပါတယ်။
I will share about my Family, My Feelings and My thoughts. Also I wish to share what we cook, what we eat and where we go.
d r o p sth
Thursday, October 06, 2016
Sunday, July 31, 2016
စာပေဟောပြောပွဲ - Singapore
ဆရာApk Cartoonist
ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)
ရက်၁၀၀အတွက် ရတက်မအေးသူများဖို့။
ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ပြောသွားတဲ့......
ဆရာကြီးဦးဖိုးကျားရဲ့ ဖန်ခွက်အကြောင်း။
•••••••••••••••••••••••••••••••••
တခါတုန်းက
ဟိုဘက်ရွာနဲ့ ဒီဘက်ရွာမှာ မိသားစု တစုစီရှိကြသတဲ့။
ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)
စာပေဟောပြောပွဲ
ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ပြောသွားတဲ့......
ဆရာကြီးဦးဖိုးကျားရဲ့ ဖန်ခွက်အကြောင်း။
•••••••••••••••••••••••••••••••••
တခါတုန်းက
ဟိုဘက်ရွာနဲ့ ဒီဘက်ရွာမှာ မိသားစု တစုစီရှိကြသတဲ့။
တနေ့ကြတော့ ဒီဘက်ရွာက မိသားစုထဲမှာ
ဖန်ခွက်လေး ၁ လုံးကျကွဲရောတဲ့။
ဒီဖန်ခွက် ကျကွဲတာကိုအငယ်ဆုံး
ကလေးငယ်လေးက .....
" ဒီဖန်ခွက် သားကြောင့် ကျကွဲတာမဟုတ်ဘူး ၊
ဖန်ခွက်ကို စားပွဲပေါ်ကို သေချာမတင်ပဲ ၊
စားပွဲစောင်းနားမှာ ထားလို့ကျကွဲတာ၊
အမကြီးထား ထားတာလားမသိဘူး " လို့ ဆိုတယ် ။
ဒါကို အမကြီး ဖြစ်တဲ့သူက .....
" ငါ့ ကြောင့်မဟုတ်ဘူး ၊
အမေက င့ါကို ခိုင်းလို့ အမေ့ကြောင့် ၊
ငါ့ကို ထားခိုင်းပြီး တခြားကိစ္စ ခိုင်းလို့ ဖြစ်တာ"
လို့ပြန်ပြောတာကို
သူ့တို့ အမေကြားတော့ .....
" ဟဲ့ ကလေးတွေ .....
ငါ့ကြောင့်လို့ပဲပြောမနေနဲ့
နင်တို့အဖေကြောင့်လည်းပါတယ် ။
င့ါမှာ တစ် နေ့ တစ် နေ့ အိမ်အလုပ်နဲ့ ရှုပ်နေတာ ၊
ပြီးတော့ နင်တို့ အဖေကို ငါ ၀ယ်ခိုင်းလိုက်တာ
ဖန်ခွက် မဟုတ်ဘူး ၊ ယွန်းခွက်လို့" ပြောသတဲ့။
အဲဒီအခါမှာ အပြင်ကပြန်ရောက်လာတဲ့
အဖေကြီးက မနေနိုင်တော့ ၀င်ပြောတာပေါ့ ....
" ဟ ... ငါ ဆိုင်ကို သွားတော့ ဆိုင်မှာ ယွန်းခွက်က
မရှိဘူး ၊ ဖန်ခွက်က ပိုကောင်းတယ် ဆိုလို့
ငါက ၀ယ်လာတာ ၊ ငါ အပြစ်တင်မဟုတ်ဘူး ၊
ဆိုင်ရှင်ပါ အပြစ်ရှိတယ် ။
ပြီးတော့ ထုတ်တဲ့လူတွေပါ အပြစ်ရှိတာကွ ၊ င့ါကိုကြီး ပုံမချနဲ့ " တဲ့လေ ....
အဲ့သလို သူတို့ ပြသာနာ ဖြစ်နေချိန်မှာ
တဖက်ရွာက မိသားစုမှာလည်း ဒီလိုပဲ
ဖန်ခွက် ကျကွဲခဲ့တယ်။
ကျကွဲသွားတဲ့ ဖန်ခွက်တွေကို
အငယ်ဆုံး သားလေးက ၁ စချင်းစီ လိုက်ကောက်ရင်း
တောင်းပန်လေသတဲ့ ....
" သားကြောင့် ဖန်ခွက်ကျကွဲသွားတာ ၊
တောင်းပန်ပါတယ် အမကြီးရယ် ၊
သားလက်မမြဲလို့ဖြစ်တာပါ " တဲ့ ...
ဒီတော့ အမကြီးကလဲ ....
" မောင်လေးရယ် မင်း ကြောင့် မဟုတ်ပါဘူး ၊
အမက စားပွဲစွန်းနားမှာတင်ခဲ့လို့ အမအပြစ်ပါ "
ဆိုပြီး ၀င်ကောက်ပေးတာပေါ့ ။
သူ့တို့ အမေမြင်တော့ .....
" သြော် ..
သားတို့ သမီးတို့ အပြစ်မဟုတ်ပါဘူး ၊ အမေ့အပြစ်ပါ ။
သားတို့ သမီးတို့ အဖေကို အမေက ခွက်ဝယ်ခိုင်းလိုက်တာ ၊
အမေကိုယ်တိုင်သွားဝယ်ရမှာ " ဆိုပြီး ကလေးတွေကို ဖယ်ခိုင်းပြီး
အမေ ကိုယ်တိုင် တံမြက်စည်းကိုင်ပြီး
အမှိုက်တွေ ရှင်းတော့တာပဲ ။
ဒီအချိန်မှာ အပြင်ကပြန်လာတဲ့ သူတို့ရဲ့ အဖေက
" မိန်းမရယ် မင်းကြောင့်မဟုတ်ပါဘူး ။
င့ါကြောင့်ပါ ငါက သေချာ မ၀ယ်ခဲ့လို့ပါဆိုပြီး "
မိန်းမကောက်ထားတဲ့ ဖန်ကွဲစတွေကို ယူပြီး
စနစ်တကျ လွှင့်ပစ်တာပေါ့ .... ။
ပုံပြင်လေးကတော့ ဒါပါပဲဗျာ .....
ကိုယ့်ဘာသာကိုယ် တာဝန်ယူမလား
သူတပါးကိုပဲ အပြစ်တွေ ပုံချနေမလား။
ကိုယ့်ရွေးချယ်မူပဲလေ။
#မစ္စတာမောင်ကိုသက်
၃၁ရက် ဇူလိုင်လ ၂၀၁၆ခု

Friday, July 22, 2016
မုန့်လင်မယား ခေါ် မုန့်အုပ်လေး
မုန့်လင်မယား ခေါ် မုန့်အုပ်လေး
••••••••••••••••••••••••••••••
အိမ်ရှင်ထီးရန်ကုန်ပြန်တုန်းက ရှာစားမိတာ
မုန့်လင်မယားလည်းပါတယ်။
••••••••••••••••••••••••••••••
အိမ်ရှင်ထီးရန်ကုန်ပြန်တုန်းက ရှာစားမိတာ
မုန့်လင်မယားလည်းပါတယ်။
အရင်က မုန့်လင်မယားရောင်းတဲ့သူတွေက
မုန့်ဗန်းလေးသေးသေးနဲ့ ပဲ လုပ်ရောင်းကြတာ
အခုကြတော့ ဗန်းကြီးအကြီးကြီးနဲ့ မုန့်ရည်တွေကို
အတင်းထည့် ဆီတွေ အတင်းလောင်းပြီး
လုပ်တာတွေ့ခဲ့ရတယ်။
စီးပွါးရေး တအားဆန်သွားပြီး ဆီတွေဗလပွနဲ့
ဆီကလည်း မသန့်တော့ ၂ခါထက်ပိုပြီး မစားဖြစ်ဘူး။
အခု ThiThi DoneDoneမှာ မုန့်လင်မယားအိုးလေးကို
၂သောင်းခွဲနဲ့ ရောင်းနေတာတွေလို့ မေမေ့ကို ဝယ်ပေးပါလို့ ပြောလို့
ဒီအိုးလေးရတာနဲ့ လုပ်စားဖြစ်တယ်ဗျာ။
လုပ်စားကြရအောင်ဗျာ။
••••••••••••••••••••
ဆန်မှုန့် ခွက်တခွက် မပြည့်တပြည့်
ရေ ခွက် ၃ခွက် (~၅၀၀ ml)
ကောက်ညှင်းမှူန့် ထမင်းစားဇွန်း၁ဇွန်း
ပဲမှူန့် အစိမ်း ထမင်းစားဇွန်း၁ဇွန်း
ဆော်ဒါမှူန့် လဘက်ရည်ဇွန်း တ၀က်
ဆား သင့်ရုံထည့်
သကြားနည်းနည်း ပါးစပ်မချဉ်အောင်ထည့်တာ
ကြက်သွန်မိတ် ပါးပါးလှီး
အားလုံးရောပြီး ၁နာရီလောက်နှပ်ထားလေ။
ပြီးရင် မုန့်နှစ်ထဲကို ကြက်ဥ ၁လုံးကို
အကာချည်းပဲ ခေါက်ထည့်ပါ။
ပဲပြုတ် နှမ်းထောင်း အဆင်သင့်ပြင်ထားပါ။
Ready ဖြစ်ရင် စက်ကို အပူပေး
ဆီကို ခွက်ကလေးတွေထဲလိုက်ထည့်ပါ။
ပြီးရင် မုန့်နှစ်ကို သေသေချာချာ မွှေပြီး
ဖြည်းဖြည့်ခြင်းထည့်ပါ။
ပဲပြုတ်ထည့်ပါ။
နံနံပင်ကြိုက်ရင်လည်းထည့်ပါ။
ဆီကိုလည်း နည်းနည်းခြင်း မုန့်ခွက်စီကို
လိုက်ထည့်ပေးပါ။
ဝါးတူလေးနဲ့ အသာတွန်း တွန်းပေးပါ။
မုန့်လင်မယားလိုချင်ရင်တော့
မကျက်တကျက်ခွာလို့ရလောက်တဲ့အချိန်၂ခုပေါင်း ပြီး
ဟိုဘက်ဒီဘက်လှန်ပေးပါ။
ငုံးဥထည့်မယ်ဆိုရင်တော့ မုန့်အနှစ်ကို
တဝက်ပဲအရင်ထည့်ပါ။
ပြီးမှ ငုံးဥကို ဖောက်ထည့်ပါလေ။
ကျက်ရင်တော့ဆယ်ပြီး နှမ်းဆားထောင်းလေး
အပေါ်ကဖြူးပြီစားလို့ ရပါပြီ။
ကလေးတွေလည်း ကြိုက်ကြတယ်ဗျာ။

Wednesday, June 29, 2016
ဘန်ကောက်မှ Siem Reap သို့
•••••••••••••••••••••••••••••••••••••••••••••••••••••••
ကျနော်က ချော်တော်ငေါ့ပြီး မိန်းမ၊ ကလေး၂ယောက်နဲ့ ဘန်ကောက်ကနေ
Siem Reapကို နယ်စပ်ကိုဖြတ်ပြီး ကားနဲ့သွားပါတယ်။
အတွေ့အကြုံလိုချင်တာရယ်၊
ကလေးတွေကို ရေပြောင်း မြေပြောင်းပြချင်တာတွေရယ်ကြောင့်ပါ။
လိုင်းကားစီးဖို့က ပထမတည်းတဲ့နေရာက Silom မှာ ဖြစ်နေလေတော့
ထိုင်း-ကမ်ဘောဒီးယား နယ်စပ်ကို သွားတဲ့ ကားဂိတ်နဲ့ ဝေးနေတာကြောင့်ရယ်က တချက်၊
ကလေးတွေပါတာကြောင့်ရယ် နောက်တချက်ကြောင့် ကားစင်းလုံးငှားပြီး သွားဖို့ စီစဉ်လိုက်ပါတယ်။
တည်းတဲ့ Center Point Silomမှာ မေးတော့ နယ်စပ်အထိကို ဘတ်၆၀၀၀တောင်းပါတယ်။
အဲ့ဒါနဲ့ Facebook ထဲက သိတဲ့ ကိုစိုင်း-ဘန်ကောက်လမ်းညွှန်ကို မေးတော့ ဘတ်၃၅၀၀ဆိုတာနဲ့
သူ့ဆီကပဲ ငှားလိုက်ပါတယ်။
သူများတွေပြောတာကတော့ မြန်မာတွေအနေများတဲ့ Baiyoke suite hotel နဲ့
Baiyoke Sky hotel ကြားက လမ်းကြားထဲက DD House လို့ခေါ်တဲ့
Guest House ကနေ နယ်စပ်ကို ထွက်တဲ့ ကားတွေကို စီးလို့ ရတယ်ပြောပါတယ်။
နောက်တခုကတော့ Mo Chit ကားဂိတ်ကနေ ဘစ်ကားလည်းစီးလို့ရတယ်ပြောပါတယ်။
ဟိုတယ်ကို မနက် ၉နာရီမှာ လာခေါ်ပါတယ်။ ကားကတော့ တိုယိုတာ INNOVA ပါ။
မိသားစု ၄ယောက်ကျယ်ကျယ်လွင့်လွင့်စီးလို့ရပါတယ်။
ကားမောင်းသမားက ထိုင်းလူမျိုးပါ။ စကားသိပ်မပေါက်ပေမယ့် အဆင်ပြေပါတယ်။
လမ်းမှာ မောင်းတာ ၂နာရီခွဲလောက်ကြာပြီးတော့ ပေါက်တောရယ်
သူ့ကားဆီထည့်ဖို့ရယ် ခဏရပ်ပါတယ်။
ကိုယ်တွေက ကော်ဖီသောက် မုန့်မြန်မြန်စား ဖွါတော်ဆက်ပေါ့လေ။
နောက်ထပ် ၂နာရီဆက်မောင်းပြီးတော့ ဆီတခါထပ်ထည့်ပါတယ်။
အဲ့ဒီမှာ နာရီက တချက်ခွဲလောက်ရှိနေပြီဆိုတော့ ထမင်းကို ကသုတ်ကရိုက် စားလိုက်ပါတယ်။
လူကြီးတွေက ကွေ့တယိုရယ်၊ ဝက်သားဒုတ်ထိုးရယ်စားပြီး ကလေးတွေနဲ့
ကားဆရာကို ကြက်ဆီထမင်းကြွေးလိုက်ပါတယ်။
ကွေ့တယိုရယ်၊ ကြက်ဆီထမင်းရယ်က ဘတ်၄၀ဆီနဲ့ ဝက်သားဒုတ်ထိုးက တပွဲကို
ဘတ်၁၀၀ပေးရပါတယ်။ အရသာက မြန်မာဝက်သားဒုတ်ထိုးနဲ့ ဆင်ပါတယ်။
အချဉ်ရယ် ကြက်သွန်ဖြူရယ် ငရုတ်သီးစိမ်းလေးကိုက်ပြီး စားရတာ အရသာရှိပါတယ်။
စားပြီးလို့ နောက်ထပ် မိနစ်၂၀လောက်မောင်းပြီးတဲ့ အခါမှာတော့Thai-Cambodia
Poi Pet border ကို ရောက်ပါပြီ။ ကီလိုမီတာ ၂၅၀လောက် မောင်းခဲ့ရပါတယ်။
ဟိုတယ်ကထွက်ပြီး သုဝဏ္ဏဘူမိလေယာဉ်ကွင်းသွားတဲ့ အတိုင်းလာခဲ့ပြီး Route 304အတိုင်းလာ Route 359 ကိုယူပြီး Route 33ဆုံတဲ့နေရာကနေ Route 33အတိုင်း မောင်းခဲ့ရပါတယ်။
ကားကတော့ ကားရပ်နားတဲ့နေရာမှာ ရပ်ထားခဲ့ရပါတယ်။
ထိုင်းဘက်က အင်မီဂရေးရှင်းကို သွားမယ်ထင်ပြီး ကားသမားနဲ့ လာခေါ်တဲ့ သူတွေနောက်ကို ယောင်တောင် ပေါင်တောင်နဲ့ လိုက်သွားမိပါတယ်။
နေရာက @BORDER HOTELရဲ့ဘေးက အဖြူရောင် အဆောက်အဦးလေးရှေ့ကိုပါ။
အဲ့ဒီမှာ လူ၁၀-၁၅ယောက်လောက်ရှိနေပြီး ကျနော်တို့ ပါ့စပိုစ်ကိုကြည့်ပြီး ကမ်ဘောဒီးယားကို
ဗီဇာမလိုဘူးပြောပါတယ်။ ဒါပေမယ့် immigration card ဖြည့်ရမယ်ဆိုပြီး ပါ့စပိုစ့်တွေ white card တွေတောင်းပါတယ်။ ပြီးတော့ ကမ်ဘောဒီးယား immigration cardကို တယောက်တလက်နဲ့ ဖြည့်ပေးကြတယ်။ အဲဒီအချိန်ကြမှ ကျနော့်မိန်းမက သူတို့ဖြည့်ခဆိုပြီး ဘတ်၁၀၀-၂၀၀တောင်းမယ် လာပြောပါတယ်။ ဪ... ကိုယ်ကလည်း ဘတ်၂၀၀ဆိုလည်း ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ ပိုက်ဆံလည်းတောင်းရော ဘတ်၂၀၀ပေးတာကို ဘတ်၂၀၀ဆိုတာ တယောက်ကို ဆိုပြီး လုပ်ရော။
၎ယောက်ဆိုတော့ ဘတ်၈၀၀။
အဲ့ဒါနဲ့ အိုကေ ပါ့စပိုစ့်တွေအရင်ကြည့်ဦးမယ်ဆိုပြီး ပြန်ယူထားလိုက်ပါတယ်။
ပြီးတော့မှ သူတို့ ရေးထားတဲ့ immigration cardတွေကို ထုတ်ပြီး ဒါလေးရေးတာ တယောက် ဘတ်၂၀၀မပေးနိုင်ဘူးလို့ ထချဲရပါတော့တယ်။
ပြီးတော့ ဒီထဲမှာ ငါရဲ့ ဒေတာတွေပါတယ် ဒီစာရွက်ကို ပြန်မပေးနိုင်ဘူးဆိုပြီး သူတို့ရှေ့မှာ လူမိုက်ဆန်ဆန်နဲ့ immigration cardတွေကို စုတ်ဖြဲလိုက်ပါတယ်။
ကိုယ်ကတော့ သူတို့ဖြဲလည်း ပြန်ဖြဲမယ် တွေးထားပြီးသားပါ။ ပြီးတော့ ကား ဆီပြန် အထုတ်တွေယူပြီး အဲဒီအဆောက်အအုံဘေးက လမ်းမကနေ ကလေးတွေနဲ့ ထိုင်း Passport control - immigration office ကို ချီတက်ခဲ့ပါတော့တယ်။
အမိုးလေးအတိုင်းလျှောက်လာခဲ့ရင် ထိုင်း Passport control - immigration officeက ပထမထပ်မှာပါ။ လှေကားအတိုင်းတက်သွားရပါတယ်။
ထိုင်း Passport control - immigration ရောက်ရင် အထွက်တုံးကို သေသေချာချာ
ထုလား မထုလား ကြည့်ပါ။
ပြီးရင်တော့ အောက်ပြန်ဆင်း လမ်းအတိုင်းသာ
မီတာ၃၀၀လောက်လျောက်လာရင် Kingdom of Cambodia မုဒ်ဦးကိုတွေ.ပါမယ်။
လမ်းကို ညာဘက်အခြမ်းကူးပါ။
ကူးပြီးတာနဲ့ Grand Diamond City Hotel and Casino အကျော်မှာ
ကမ်ဘောဒီးယား Arrival အဆောက်အဦးသေးသေးလေးကို တွေ့ပါမယ်။
အဲ့ဒီမှာ immigration cardယူ ဖြည့်ပြီး တန်းစီ ဗီဇာလျှောက်ရပါတယ်။
တပြားမှ မပေးရပါဘူး။
ကိုယ်တွေက အပြန်ကို Siem Reap ကနေ ဘန်ကောက်ကို ပြန်မယ့် လေယာဉ်လက်မှတ်ဝယ်ထားပြီးသားဆိုတော့ အဆင်ပြေပါတယ်။
Poi pet ကနေ Siem Reap ကို သွားမလားမေးကြတဲ့ ကားသမားတွေအများကြီးပါ။
ကိုယ်တွေသိထားတာက ကားခက ယူအက်စ်၄၀-၅၀လောက် ပေးရမယ်လို့ သိထားပါတယ်။
စောစောက အဖြစ်အပျက်ကြောင့် ခေါင်းနည်းနည်းရှုပ်သွားတော့ ကားသမားက ဘတ်၂၅၀၀တောင်းတာကို ဘတ်၁၉၀၀ပဲ ဆစ်လိုက်မိတယ်။ (Approx. USD 65)
Toyota Camry မော်ဒယ်အဟောင်း။
ဒါပေမယ့် ကားကကောင်းပါတယ်။ အဲယားကွန်းလည်း ကောင်းတယ်။
Poi Pet borderကနေ ၂နာရီခွဲမောင်းပြီးတော့ Siem Reap ကို ရောက်ပါတယ်။
ဟိုတယ် Royal Empire ရောက်တော့ အကုန်လုံး ခြေကုန်လက်ပမ်းကျနေကြပါပြီ။
ခရီးကဝေး နေကလည်းပူတာကိုး။ မနက်၉နာရီကတည်းက ဘန်ကောက်က ထွက်လာတာ
Siem Reap ရောက်တော့ ညနေ ၅နာရီခွဲပါပြီ။
တော်သေးတာကဘန်ကောက်ကို အပြန်လေယာဉ်နဲ့ပြန်ဖို့ စီစဉ်ထားလို့ပါပဲ။
ကျနော်က ချော်တော်ငေါ့ပြီး မိန်းမ၊ ကလေး၂ယောက်နဲ့ ဘန်ကောက်ကနေ
Siem Reapကို နယ်စပ်ကိုဖြတ်ပြီး ကားနဲ့သွားပါတယ်။
အတွေ့အကြုံလိုချင်တာရယ်၊
ကလေးတွေကို ရေပြောင်း မြေပြောင်းပြချင်တာတွေရယ်ကြောင့်ပါ။
လိုင်းကားစီးဖို့က ပထမတည်းတဲ့နေရာက Silom မှာ ဖြစ်နေလေတော့
ထိုင်း-ကမ်ဘောဒီးယား နယ်စပ်ကို သွားတဲ့ ကားဂိတ်နဲ့ ဝေးနေတာကြောင့်ရယ်က တချက်၊
ကလေးတွေပါတာကြောင့်ရယ် နောက်တချက်ကြောင့် ကားစင်းလုံးငှားပြီး သွားဖို့ စီစဉ်လိုက်ပါတယ်။
တည်းတဲ့ Center Point Silomမှာ မေးတော့ နယ်စပ်အထိကို ဘတ်၆၀၀၀တောင်းပါတယ်။
အဲ့ဒါနဲ့ Facebook ထဲက သိတဲ့ ကိုစိုင်း-ဘန်ကောက်လမ်းညွှန်ကို မေးတော့ ဘတ်၃၅၀၀ဆိုတာနဲ့
သူ့ဆီကပဲ ငှားလိုက်ပါတယ်။
သူများတွေပြောတာကတော့ မြန်မာတွေအနေများတဲ့ Baiyoke suite hotel နဲ့
Baiyoke Sky hotel ကြားက လမ်းကြားထဲက DD House လို့ခေါ်တဲ့
Guest House ကနေ နယ်စပ်ကို ထွက်တဲ့ ကားတွေကို စီးလို့ ရတယ်ပြောပါတယ်။
နောက်တခုကတော့ Mo Chit ကားဂိတ်ကနေ ဘစ်ကားလည်းစီးလို့ရတယ်ပြောပါတယ်။
ဟိုတယ်ကို မနက် ၉နာရီမှာ လာခေါ်ပါတယ်။ ကားကတော့ တိုယိုတာ INNOVA ပါ။
Photo: Taxi from Hotel to Thai-Cambodia : Poi Pet border
ကားမောင်းသမားက ထိုင်းလူမျိုးပါ။ စကားသိပ်မပေါက်ပေမယ့် အဆင်ပြေပါတယ်။
လမ်းမှာ မောင်းတာ ၂နာရီခွဲလောက်ကြာပြီးတော့ ပေါက်တောရယ်
သူ့ကားဆီထည့်ဖို့ရယ် ခဏရပ်ပါတယ်။
ကိုယ်တွေက ကော်ဖီသောက် မုန့်မြန်မြန်စား ဖွါတော်ဆက်ပေါ့လေ။
နောက်ထပ် ၂နာရီဆက်မောင်းပြီးတော့ ဆီတခါထပ်ထည့်ပါတယ်။
အဲ့ဒီမှာ နာရီက တချက်ခွဲလောက်ရှိနေပြီဆိုတော့ ထမင်းကို ကသုတ်ကရိုက် စားလိုက်ပါတယ်။
လူကြီးတွေက ကွေ့တယိုရယ်၊ ဝက်သားဒုတ်ထိုးရယ်စားပြီး ကလေးတွေနဲ့
ကားဆရာကို ကြက်ဆီထမင်းကြွေးလိုက်ပါတယ်။
ကွေ့တယိုရယ်၊ ကြက်ဆီထမင်းရယ်က ဘတ်၄၀ဆီနဲ့ ဝက်သားဒုတ်ထိုးက တပွဲကို
ဘတ်၁၀၀ပေးရပါတယ်။ အရသာက မြန်မာဝက်သားဒုတ်ထိုးနဲ့ ဆင်ပါတယ်။
အချဉ်ရယ် ကြက်သွန်ဖြူရယ် ငရုတ်သီးစိမ်းလေးကိုက်ပြီး စားရတာ အရသာရှိပါတယ်။
Photo: ဝက်သားဒုတ်ထိုးရယ်။ ကွေ့တယိုရယ်။
Poi Pet border ကို ရောက်ပါပြီ။ ကီလိုမီတာ ၂၅၀လောက် မောင်းခဲ့ရပါတယ်။
ဟိုတယ်ကထွက်ပြီး သုဝဏ္ဏဘူမိလေယာဉ်ကွင်းသွားတဲ့ အတိုင်းလာခဲ့ပြီး Route 304အတိုင်းလာ Route 359 ကိုယူပြီး Route 33ဆုံတဲ့နေရာကနေ Route 33အတိုင်း မောင်းခဲ့ရပါတယ်။
Photo: Route 33 via Route 359
ထိုင်းဘက်က အင်မီဂရေးရှင်းကို သွားမယ်ထင်ပြီး ကားသမားနဲ့ လာခေါ်တဲ့ သူတွေနောက်ကို ယောင်တောင် ပေါင်တောင်နဲ့ လိုက်သွားမိပါတယ်။
နေရာက @BORDER HOTELရဲ့ဘေးက အဖြူရောင် အဆောက်အဦးလေးရှေ့ကိုပါ။
Photo: @BORDER HOTEL (Google)
ဗီဇာမလိုဘူးပြောပါတယ်။ ဒါပေမယ့် immigration card ဖြည့်ရမယ်ဆိုပြီး ပါ့စပိုစ့်တွေ white card တွေတောင်းပါတယ်။ ပြီးတော့ ကမ်ဘောဒီးယား immigration cardကို တယောက်တလက်နဲ့ ဖြည့်ပေးကြတယ်။ အဲဒီအချိန်ကြမှ ကျနော့်မိန်းမက သူတို့ဖြည့်ခဆိုပြီး ဘတ်၁၀၀-၂၀၀တောင်းမယ် လာပြောပါတယ်။ ဪ... ကိုယ်ကလည်း ဘတ်၂၀၀ဆိုလည်း ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ ပိုက်ဆံလည်းတောင်းရော ဘတ်၂၀၀ပေးတာကို ဘတ်၂၀၀ဆိုတာ တယောက်ကို ဆိုပြီး လုပ်ရော။
၎ယောက်ဆိုတော့ ဘတ်၈၀၀။
အဲ့ဒါနဲ့ အိုကေ ပါ့စပိုစ့်တွေအရင်ကြည့်ဦးမယ်ဆိုပြီး ပြန်ယူထားလိုက်ပါတယ်။
ပြီးတော့မှ သူတို့ ရေးထားတဲ့ immigration cardတွေကို ထုတ်ပြီး ဒါလေးရေးတာ တယောက် ဘတ်၂၀၀မပေးနိုင်ဘူးလို့ ထချဲရပါတော့တယ်။
ပြီးတော့ ဒီထဲမှာ ငါရဲ့ ဒေတာတွေပါတယ် ဒီစာရွက်ကို ပြန်မပေးနိုင်ဘူးဆိုပြီး သူတို့ရှေ့မှာ လူမိုက်ဆန်ဆန်နဲ့ immigration cardတွေကို စုတ်ဖြဲလိုက်ပါတယ်။
ကိုယ်ကတော့ သူတို့ဖြဲလည်း ပြန်ဖြဲမယ် တွေးထားပြီးသားပါ။ ပြီးတော့ ကား ဆီပြန် အထုတ်တွေယူပြီး အဲဒီအဆောက်အအုံဘေးက လမ်းမကနေ ကလေးတွေနဲ့ ထိုင်း Passport control - immigration office ကို ချီတက်ခဲ့ပါတော့တယ်။
Photo: To Thai Immigration - Passport Control
Photo: To Thai Immigration - Passport Control
ထိုင်း Passport control - immigration ရောက်ရင် အထွက်တုံးကို သေသေချာချာ
ထုလား မထုလား ကြည့်ပါ။
Photo: To Cambodia Immigration
Photo: Kingdom of Cambodia မုဒ်ဦး
လမ်းကို ညာဘက်အခြမ်းကူးပါ။
ကူးပြီးတာနဲ့ Grand Diamond City Hotel and Casino အကျော်မှာ
ကမ်ဘောဒီးယား Arrival အဆောက်အဦးသေးသေးလေးကို တွေ့ပါမယ်။
Photo: Cambodia Immigration (Google)
တပြားမှ မပေးရပါဘူး။
ကိုယ်တွေက အပြန်ကို Siem Reap ကနေ ဘန်ကောက်ကို ပြန်မယ့် လေယာဉ်လက်မှတ်ဝယ်ထားပြီးသားဆိုတော့ အဆင်ပြေပါတယ်။
Poi pet ကနေ Siem Reap ကို သွားမလားမေးကြတဲ့ ကားသမားတွေအများကြီးပါ။
ကိုယ်တွေသိထားတာက ကားခက ယူအက်စ်၄၀-၅၀လောက် ပေးရမယ်လို့ သိထားပါတယ်။
စောစောက အဖြစ်အပျက်ကြောင့် ခေါင်းနည်းနည်းရှုပ်သွားတော့ ကားသမားက ဘတ်၂၅၀၀တောင်းတာကို ဘတ်၁၉၀၀ပဲ ဆစ်လိုက်မိတယ်။ (Approx. USD 65)
Toyota Camry မော်ဒယ်အဟောင်း။
Photo: Transport from Poi Pet border to Royal Empire Hotel
Poi Pet borderကနေ ၂နာရီခွဲမောင်းပြီးတော့ Siem Reap ကို ရောက်ပါတယ်။
Photo: Entrance of Siam Reap City
ခရီးကဝေး နေကလည်းပူတာကိုး။ မနက်၉နာရီကတည်းက ဘန်ကောက်က ထွက်လာတာ
Siem Reap ရောက်တော့ ညနေ ၅နာရီခွဲပါပြီ။
တော်သေးတာကဘန်ကောက်ကို အပြန်လေယာဉ်နဲ့ပြန်ဖို့ စီစဉ်ထားလို့ပါပဲ။
Tuesday, June 14, 2016
ကျနော်နဲ့ ဘန်ကောက်သွား မြို့လား
ကျနော်နဲ့ ဘန်ကောက်သွားမြို့လား။
•••••••••••••••••••••••••••••
ဒီနေ့ ဘန်ကောက်မှာ လိုင်းကားလို
ကျောက်ဖယားမြစ်ထဲမှာ လိုင်းသဘောင်္စီးခဲ့တယ်။
ပိုက်ဆံလိုက်ကောက်တဲ့ စပယ်ယာပါတယ်။
အမျိုးသမီးပဲ။ သဘောင်္ဆိပ်တိုင်းရပ်ပြီး
လူတင် လူချလုပ်တယ်။ တမိနစ်ထက်မပိုဘူး။
Grand Place - Tha Chang pier ကနေ
Silom - Sathorn (taksin) ကိုစီးတာ
ကလေး၂ယောက်က ဖရီး။
လူကြီး၂ယောက်က တယောက်ကို
၁၅ ဘတ်ပဲပေးရတယ်။
ထိုင်စရာတော့ မရဘူး။ လူတော့ ကြပ်တယ်။
အသွားတုန်းကတော့ Ling Tail boatစီးတာဗျ။
တယောက်ကို ၄၀ကျတယ်။ ၂ယောက် ဘတ်၈၀။
လူတန်းစားမျိုးစုံစီးကြတာတွေ့ရတယ်။
ထိုင်းလူမျိုး၊ နိုင်ငံခြားသား၊ တိုးရစ်၊ အဖြူကောင်
ကျောင်းသား၊ ဝန်ထမ်း အစုံပဲဗျ။
ဘန်ကောက် Traffic ကို ရှောင်တဲ့ နည်းတခုပဲဗျ။
နောက်ပြီးတော့ BTS (Sky train)လည်း
စီးခဲ့သေးတယ်။ Saphan Taksin ကနေ
Prom Phong station ကိုဗျ။
တယောက်ကို ၄၂ဘတ်ကျတယ်။
ရုံးဆင်းချိန်ဆိုတော့ လူကတော့ ကြပ်တာပေါ့ဗျာ။
အဲဒီမှာလည်း လူတန်းစားမျိုးစုံစီးကြတာတွေ့ရတယ်။
ဘစ်ကားဂိတ်တွေမှာတော့ ထိုင်းလူမျိုးတွေပဲ
အများဆုံး စောင့်စီးကြတာ မြင်ခဲ့ရတယ်။
ကျနော်ယှဉ်ပြီး မြန်မာပြည်ရန်ကုန်နဲ့
ထိုင်းဘန်ကောက်ကို ကြည့်မိတယ်။
လူတန်းစားက အတော့်ကို ကွာ သွားပြီဗျ။
မြန်မာပြည်မှာ ရထားစီး ဘစ်ကားစီးတဲ့ လူတန်းစားနဲ့
ထိုင်းက ရထားစီး ဘစ်ကားစီးတဲ့ လူတန်းစားက
အရမ်းကို ကွာသွားပြီဗျ။
အဆောက်အဦးတွေ လမ်းတွေ မဆိုထားနဲ့
လူတွေရဲ့ ပါစင်နယ်လတီပါ ကွာသွားတာဗျ။
တွေးကြည့်ရင် တော်တော့ကို စိတ်မကောင်းစရာပဲ။
လူနေမူအဆင့်အတန်း၊ လူတွေရဲ့ စိတ်ဓါတ်၊
လူတွေရဲ့ လူရည်လူသွေး၊ လူတွေရဲ့ ဝတ်စားပုံတွေက
အစ ထိုင်းတွေက အစစအရာရာသာသွားပြီဗျ။
မြန်မာနိုင်ငံမှာ အတင်းကာရော နေ့ရောညပါ
ကုန်းရုန်းပြီးကြိုးစားကာမှ နောင် ၁၀-၁၅နှစ်လောက်
ကြာမှ ဒီကနေ့ ဘန်ကောက်ကို
မှီကောင်းမှီနိုင်လိမ့်မယ်ထင်ပါတယ်။
သူတို့ကလည်း ရပ်နေမှာမှ မဟုတ်တာ။
တွေးကြည့် ယှဉ်ကြည့်ပြီး စိတ်မောလူမောဖြစ်ပြီး
ဟိုတယ်ပြန် ပက်လက်လှန်ပြီး ရေးလိုက်တာဗျာ။
#မစ္စတာမောင်ကိုသက်
ခေတ္တဘန်ကောက်
ဇွန်လ ၁၄ရက် ၂၀၁၆ခု
ညနေ၆နာရီ၄၂မိနစ်
ပုံက သဘောင်္စီးလက်မှတ် ၂ယောက်စာပါ။

Monday, June 13, 2016
ဒန့်သလွန်ရွက် ဟင်းခါး။
ဘာရယ်မဟုတ်ဘူး။ သောက်ချင်လို့။
ကြက်သွန်ဖြူ
ပုဇွန်ခြောက်မှုန့်
ဆားနဲ့ ကျအောင်တည်။
ဒန့်သလွန်ရွက်သင်ထား။
ခွက်ထဲထည့်။
ဟင်းရည်ပွက်ပွက်ဆူတာထည့်။ :-))
အိမ်ရှင်ထီး၏ မီးဖိုချောင် - Hubby Kitchen
ခွက်ထဲထည့်။
ဟင်းရည်ပွက်ပွက်ဆူတာထည့်။ :-))
အိမ်ရှင်ထီး၏ မီးဖိုချောင် - Hubby Kitchen
Sunday, June 12, 2016
အုန်းနို့ ကျောက်ကျော
အာဂါအာဂါ အဖြူရောင်ကို ရေတလီတာ
သကြား ၃၅၀ဂရမ်နဲ့ဖျော်ပြီး ပွက်အောင်တည်ပါတယ်။
ပြီးတော့ အုန်းနို့ဗူးသေးတဗူးကိုထည့်ုပီး မွှေပါတယ်။
Subscribe to:
Posts (Atom)