d r o p sth

Saturday, December 03, 2016

Chwee kueh


ဒေါ်အောင်ဆန်းစုကြည်ကို စင်ကာပူဝန်ကြီးက
တကူးတက လိုက်ကျွေးရတဲ့ Chwee kueh
(known also as chwee kwee or chwee kweh) 

(Chinese: 水粿; pinyin: shuǐguǒ; Pe̍h-ōe-jī: chúi-kóe; 
literally: "water rice cake") is a type of steamed rice cake, 

Shui Kway or Chew Kueh ခေါ် ရှုးကွေ့ ဆိုတဲ့ မနက်စာပါ။

ဆန်မုန့်ကိုရေနဲ့ အချိုးကျစွာရောပြီး
ခွက်သေးသေးလေးတွေထဲကို ထည့်ပြီး
ရေနွေးငွေ့နဲ့ ပေါင်းထားတာကို
မုန်လာဥဖြူကို အခြောက်လှမ်းထားပြီး
ပုဇွန်ခြောက်မှုန့်နဲ့ ပြန်ကြော်ထားတာကို
ဆမ်ဘာ Sambal လို့ ခေါ်တဲ့
ငရုတ်သီးအနှစ်နဲ့ စားကြပါတယ်၊



Thursday, December 01, 2016

ခရမ်းရောင် သံမဏိလိပ်ပြာ - Papilionandaaungsansuukyi

ဒီဇင်ဘာ-၁- မြန်မာနိုင်ငံရဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
 ဒေါ်အောင်ဆန်းစုကြည်ကိုဂုဏ်ပြုတဲ့အနေနဲ့ ကြာသပတေးနေ့မှာ 
စင်ကာပူရုက္ခဗေဒဥယျာဉ်အတွင်း သစ်ခွမျိုးစပ်တစ်ခုကို 
aဒ်ါအောင်ဆန်းစုကြည်အမည်ပေးခဲ့တယ်လို့ သိရပါတယ်။

ခရမ်းရောင်မျိုးစပ်သစ်ခွဖြစ်တဲ့ Papilionanda Aung San Suu Kyi ဟာ ခုချိန်ထိ အထင်ကရပုဂ္ဂိုလ်တွေရဲ့ အမည်ပေးထားတဲ့ သစ်ခွပေါင်း ၂၀၀ ကျော်ထဲမှာ ပါဝင်လာပြီဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးချုပ်လီရှန်လွန်းရဲ့ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံကို 
သုံးရက်ကြာ ခရီးစဉ်ရောက်ရှိနေတာဖြစ်ပါတယ်။




#Papilionanda Aung San Suu Kyi, which is a cross between Papilionanda Josephine van Brero and Vanda Varut Fuchsia, is a purplish looking variety that blooms on a strong upright stalk. The cluster generally bears 5-10 flowers, each measuring about 9cm across.

Papilionanda ဆိုတာ အဓိပ္ပါယ်က 
Beautiful Butterflyတဲ့။
ခရမ်းရောင် သံမဏိလိပ်ပြာပေါ့။

#papilionandaaungsansuukyi

Photo Credit - Min Kan Si

B O D Y G U A R D




ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်၊

Photo credit - Minn Htaw

Thursday, October 06, 2016

yong tau foo

yong tau foo လို့ခေါ်တဲ့ စင်ကာပူသူ
စင်ကာပူသားတွေကြိုက်ကြတဲ့ အဆီမပါတဲ့
ရေလုံပြုတ် ဟင်းတမျိုးပဲပေါ့။

footcourtsတွေ၊ Kopitian တွေ၊ foodstall တွေမှာ
ဈေးသက်သက်သာသာနဲ့ ကိုယ်စားချင်တဲ့
အမယ်တွေကိုရွေးပြီး ချက်ခိုင်းလို့ရပါတယ်။

အပြုတ်စားမလား
Dryလို့ခေါ်တဲ့ ပြုတ်ပြီးသားကို ငရုတ်ဆီ၊
yong tau foo အနှစ်နဲ့ စားမလား၊
ထမင်းနဲ့ စားမလား၊
ခေါက်ဆွဲနဲ့စားမလား၊
ကြာဇံနဲ့စားမလား၊
ညှပ်ခေါက်ဆွဲနဲ့စားမလား
ဒီအတိုင်းအပြုတ် ဒါမှမဟုတ် Dryပဲစားမလားဆိုတာ
ကတော့ ကိုယ့်ပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

ကျနော်ကတော့ ကြာဇံနဲ့ Dryမှာစားပါတယ်။


Sunday, July 31, 2016

စာပေဟောပြောပွဲ - Singapore

ဆရာApk Cartoonist
ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)

စာပေဟောပြောပွဲ


ရက်၁၀၀အတွက် ရတက်မအေးသူများဖို့။
ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ပြောသွားတဲ့......
ဆရာကြီးဦးဖိုးကျားရဲ့ ဖန်ခွက်အကြောင်း။
•••••••••••••••••••••••••••••••••
တခါတုန်းက
ဟိုဘက်ရွာနဲ့ ဒီဘက်ရွာမှာ မိသားစု တစုစီရှိကြသတဲ့။


တနေ့ကြတော့ ဒီဘက်ရွာက မိသားစုထဲမှာ
ဖန်ခွက်လေး ၁ လုံးကျကွဲရောတဲ့။

ဒီဖန်ခွက် ကျကွဲတာကိုအငယ်ဆုံး
ကလေးငယ်လေးက .....
" ဒီဖန်ခွက် သားကြောင့် ကျကွဲတာမဟုတ်ဘူး ၊
ဖန်ခွက်ကို စားပွဲပေါ်ကို သေချာမတင်ပဲ ၊
စားပွဲစောင်းနားမှာ ထားလို့ကျကွဲတာ၊
အမကြီးထား ထားတာလားမသိဘူး " လို့ ဆိုတယ် ။
ဒါကို အမကြီး ဖြစ်တဲ့သူက .....
" ငါ့ ကြောင့်မဟုတ်ဘူး ၊
အမေက င့ါကို ခိုင်းလို့ အမေ့ကြောင့် ၊
ငါ့ကို ထားခိုင်းပြီး တခြားကိစ္စ ခိုင်းလို့ ဖြစ်တာ"
လို့ပြန်ပြောတာကို

သူ့တို့ အမေကြားတော့ .....
" ဟဲ့ ကလေးတွေ .....
ငါ့ကြောင့်လို့ပဲပြောမနေနဲ့
နင်တို့အဖေကြောင့်လည်းပါတယ် ။
င့ါမှာ တစ် နေ့ တစ် နေ့ အိမ်အလုပ်နဲ့ ရှုပ်နေတာ ၊
ပြီးတော့ နင်တို့ အဖေကို ငါ ၀ယ်ခိုင်းလိုက်တာ
ဖန်ခွက် မဟုတ်ဘူး ၊ ယွန်းခွက်လို့" ပြောသတဲ့။

အဲဒီအခါမှာ အပြင်ကပြန်ရောက်လာတဲ့
အဖေကြီးက မနေနိုင်တော့ ၀င်ပြောတာပေါ့ ....
" ဟ ... ငါ ဆိုင်ကို သွားတော့ ဆိုင်မှာ ယွန်းခွက်က
မရှိဘူး ၊ ဖန်ခွက်က ပိုကောင်းတယ် ဆိုလို့
ငါက ၀ယ်လာတာ ၊ ငါ အပြစ်တင်မဟုတ်ဘူး ၊
ဆိုင်ရှင်ပါ အပြစ်ရှိတယ် ။
ပြီးတော့ ထုတ်တဲ့လူတွေပါ အပြစ်ရှိတာကွ ၊ င့ါကိုကြီး ပုံမချနဲ့ " တဲ့လေ ....

အဲ့သလို သူတို့ ပြသာနာ ဖြစ်နေချိန်မှာ
တဖက်ရွာက မိသားစုမှာလည်း ဒီလိုပဲ
ဖန်ခွက် ကျကွဲခဲ့တယ်။
ကျကွဲသွားတဲ့ ဖန်ခွက်တွေကို
အငယ်ဆုံး သားလေးက ၁ စချင်းစီ လိုက်ကောက်ရင်း
တောင်းပန်လေသတဲ့ ....
" သားကြောင့် ဖန်ခွက်ကျကွဲသွားတာ ၊
တောင်းပန်ပါတယ် အမကြီးရယ် ၊
သားလက်မမြဲလို့ဖြစ်တာပါ " တဲ့ ...

ဒီတော့ အမကြီးကလဲ ....
" မောင်လေးရယ် မင်း ကြောင့် မဟုတ်ပါဘူး ၊
အမက စားပွဲစွန်းနားမှာတင်ခဲ့လို့ အမအပြစ်ပါ "
ဆိုပြီး ၀င်ကောက်ပေးတာပေါ့ ။

သူ့တို့ အမေမြင်တော့ .....
" သြော် ..
သားတို့ သမီးတို့ အပြစ်မဟုတ်ပါဘူး ၊ အမေ့အပြစ်ပါ ။
သားတို့ သမီးတို့ အဖေကို အမေက ခွက်ဝယ်ခိုင်းလိုက်တာ ၊
အမေကိုယ်တိုင်သွားဝယ်ရမှာ " ဆိုပြီး ကလေးတွေကို ဖယ်ခိုင်းပြီး
အမေ ကိုယ်တိုင် တံမြက်စည်းကိုင်ပြီး
အမှိုက်တွေ ရှင်းတော့တာပဲ ။

ဒီအချိန်မှာ အပြင်ကပြန်လာတဲ့ သူတို့ရဲ့ အဖေက
" မိန်းမရယ် မင်းကြောင့်မဟုတ်ပါဘူး ။
င့ါကြောင့်ပါ ငါက သေချာ မ၀ယ်ခဲ့လို့ပါဆိုပြီး "
မိန်းမကောက်ထားတဲ့ ဖန်ကွဲစတွေကို ယူပြီး
စနစ်တကျ လွှင့်ပစ်တာပေါ့ .... ။

ပုံပြင်လေးကတော့ ဒါပါပဲဗျာ .....

ကိုယ့်ဘာသာကိုယ် တာဝန်ယူမလား
သူတပါးကိုပဲ အပြစ်တွေ ပုံချနေမလား။
ကိုယ့်ရွေးချယ်မူပဲလေ။

‪#‎မစ္စတာမောင်ကိုသက်‬
၃၁ရက် ဇူလိုင်လ ၂၀၁၆ခု




Friday, July 22, 2016

မုန့်လင်မယား ခေါ် မုန့်အုပ်လေး

မုန့်လင်မယား ခေါ် မုန့်အုပ်လေး
••••••••••••••••••••••••••••••
အိမ်ရှင်ထီးရန်ကုန်ပြန်တုန်းက ရှာစားမိတာ
မုန့်လင်မယားလည်းပါတယ်။
အရင်က မုန့်လင်မယားရောင်းတဲ့သူတွေက
မုန့်ဗန်းလေးသေးသေးနဲ့ ပဲ လုပ်ရောင်းကြတာ
အခုကြတော့ ဗန်းကြီးအကြီးကြီးနဲ့ မုန့်ရည်တွေကို
အတင်းထည့် ဆီတွေ အတင်းလောင်းပြီး
လုပ်တာတွေ့ခဲ့ရတယ်။

စီးပွါးရေး တအားဆန်သွားပြီး ဆီတွေဗလပွနဲ့
ဆီကလည်း မသန့်တော့ ၂ခါထက်ပိုပြီး မစားဖြစ်ဘူး။
အခု ThiThi DoneDoneမှာ မုန့်လင်မယားအိုးလေးကို
၂သောင်းခွဲနဲ့ ရောင်းနေတာတွေလို့ မေမေ့ကို ဝယ်ပေးပါလို့ ပြောလို့
ဒီအိုးလေးရတာနဲ့ လုပ်စားဖြစ်တယ်ဗျာ။

လုပ်စားကြရအောင်ဗျာ။
••••••••••••••••••••
ဆန်မှုန့် ခွက်တခွက် မပြည့်တပြည့်
ရေ ခွက် ၃ခွက် (~၅၀၀ ml)
ကောက်ညှင်းမှူန့် ထမင်းစားဇွန်း၁ဇွန်း
ပဲမှူန့် အစိမ်း ထမင်းစားဇွန်း၁ဇွန်း
ဆော်ဒါမှူန့် လဘက်ရည်ဇွန်း တ၀က်
ဆား သင့်ရုံထည့်
သကြားနည်းနည်း ပါးစပ်မချဉ်အောင်ထည့်တာ
ကြက်သွန်မိတ် ပါးပါးလှီး
အားလုံးရောပြီး ၁နာရီလောက်နှပ်ထားလေ။
ပြီးရင် မုန့်နှစ်ထဲကို ကြက်ဥ ၁လုံးကို
အကာချည်းပဲ ခေါက်ထည့်ပါ။

ပဲပြုတ် နှမ်းထောင်း အဆင်သင့်ပြင်ထားပါ။
Ready ဖြစ်ရင် စက်ကို အပူပေး
ဆီကို ခွက်ကလေးတွေထဲလိုက်ထည့်ပါ။
ပြီးရင် မုန့်နှစ်ကို သေသေချာချာ မွှေပြီး
ဖြည်းဖြည့်ခြင်းထည့်ပါ။

ပဲပြုတ်ထည့်ပါ။
နံနံပင်ကြိုက်ရင်လည်းထည့်ပါ။


ဆီကိုလည်း နည်းနည်းခြင်း မုန့်ခွက်စီကို
လိုက်ထည့်ပေးပါ။
ဝါးတူလေးနဲ့ အသာတွန်း တွန်းပေးပါ။

မုန့်လင်မယားလိုချင်ရင်တော့
မကျက်တကျက်ခွာလို့ရလောက်တဲ့အချိန်၂ခုပေါင်း ပြီး
ဟိုဘက်ဒီဘက်လှန်ပေးပါ။

ငုံးဥထည့်မယ်ဆိုရင်တော့ မုန့်အနှစ်ကို
တဝက်ပဲအရင်ထည့်ပါ။
ပြီးမှ ငုံးဥကို ဖောက်ထည့်ပါလေ။

ကျက်ရင်တော့ဆယ်ပြီး နှမ်းဆားထောင်းလေး
အပေါ်ကဖြူးပြီစားလို့ ရပါပြီ။

ကလေးတွေလည်း ကြိုက်ကြတယ်ဗျာ။