အမဲသားမိုးခိုသားကို ဆား၊
နနွင်း၊ မဆလာ၊ ဒိန်ချဉ်၊
ကြက်သွန်ဖြူနီချင်းကြိတ်ထားတာနဲ့
ရောနယ်ပြီး နှပ်ထားပါတယ်။
၂နာရီလောက်ပေါ့။
ကြက်သွန်ဖြူနီ ချင်းကြိတ်ထားတာကို မဆလာ
ငရုတ်သီးမှုန့် ရှောက်ရွက်စတာတွေနဲ့ ဆီသတ်ပါတယ်။
ပြီးတော့ စောစောက နှပ်ထားတဲ့ အမဲသားကို ထည့်ပြီး
လုံးပါတယ်။
သူ့ရေနဲ့သူ မီးအေးအေးလေးနဲ့ လုံးပါ။
ရေကုန်ရင် ရေနွေးဆူဆူကို အမဲသားမြုတ်အောင်
ထည့်ပြီး မီးအေးအေးလေးနဲ့ နှုးအောင်သာ
နှပ်ထားပါလေ။
မကပ်အောင်တော့ ကြည့်ပေါ့ .......
No comments:
Post a Comment