d r o p sth

Wednesday, March 01, 2017

ကြက်သားပြုတ်ကြော်။

ကြက်သားပြုတ်ကြော်။

အမေက ငယ်ငယ်တုန်းလုပ်ကျွေးတာ
သတိရလို့ သူချက်သလို ချက်ထားတာဗျ။ :-))
ဆီကို သကြားနဲ့ဆားနဲ့ သတ်တယ်၊ ချင်းလေးတော့
ထည့်တာပေါ့၊

ဆီနဲ့ သကြားအရည်ပျော်ပြီး အရောင်ပြောင်းလာရင်
ကြက်သားအရေခွံခွါထားတာ ထည့်ကြော်တယ်။

သူ့ရေနဲ့သူ လုံးထားလိုက်ဗျာ၊ ကြက်သားရင့်ရင်
ရေထပ်ထည့်ပေါ့။ မရင့် ရင်တော့ မလိုပါဘူး၊

ကြက်သားလည်းနှုးကာနီးပြီ
ရေလည်း ခမ်းကာနီးရင်
ကြက်သွန်ဖြူအခွံမခွါပဲ အမွှာလိုက်ထည့်ပေါ့။

ခဏနေရင် ရပါပြီဗျာ၊