d r o p sth

Thursday, October 06, 2016

yong tau foo

yong tau foo လို့ခေါ်တဲ့ စင်ကာပူသူ
စင်ကာပူသားတွေကြိုက်ကြတဲ့ အဆီမပါတဲ့
ရေလုံပြုတ် ဟင်းတမျိုးပဲပေါ့။

footcourtsတွေ၊ Kopitian တွေ၊ foodstall တွေမှာ
ဈေးသက်သက်သာသာနဲ့ ကိုယ်စားချင်တဲ့
အမယ်တွေကိုရွေးပြီး ချက်ခိုင်းလို့ရပါတယ်။

အပြုတ်စားမလား
Dryလို့ခေါ်တဲ့ ပြုတ်ပြီးသားကို ငရုတ်ဆီ၊
yong tau foo အနှစ်နဲ့ စားမလား၊
ထမင်းနဲ့ စားမလား၊
ခေါက်ဆွဲနဲ့စားမလား၊
ကြာဇံနဲ့စားမလား၊
ညှပ်ခေါက်ဆွဲနဲ့စားမလား
ဒီအတိုင်းအပြုတ် ဒါမှမဟုတ် Dryပဲစားမလားဆိုတာ
ကတော့ ကိုယ့်ပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

ကျနော်ကတော့ ကြာဇံနဲ့ Dryမှာစားပါတယ်။